မိုဘီဂျီနို နဲ့ စကော့တလန် ကျောင်းသား

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စကော့တလန်၊ ဂလပ်စဂိုမြို့လယ်ရဲ့ အနောက်ဘက်ယွန်းယွန်း ကုန်းမြင့်ပေါ်မှာ ခန့်ညားလှပတဲ့ University of Glasgow တက္ကသိုလ်ကြီး ရှိပါတယ်။
ဒီတက္ကသိုလ်ကြီးက ကမ္ဘာမှာ အင်္ဂလိပ်ဘာသာစကားသုံးပြီး သင်ကြားတဲ့ တက္ကသိုလ်တွေထဲမှာ စတုတ္ထမြောက် ရှေးအကျဆုံး တက္ကသိုလ်ကြီး ဖြစ်ပါတယ်။
အဲဒီတက္ကသိုလ်ကြီးမှာ ကွန်ပျုတာဘာသာ သင်ယူနေတဲ့ မြန်မာကျောင်းသား ကိုကျော်ထွန်းစိန်နဲ့ ဒီတက္ကသိုလ်ပရဝဏ်အတွင်းမှာပဲ တွေ့ဆုံမေးမြန်းထားပါတယ်။
အစီအစဉ်ကို နားဆင်ရန်
မိုဘီဂျီနို အစီအစဉ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။
ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။
အီးမေးလ်နဲ့ဆိုရင် burmese @ bbc.co.uk ဖြစ်ဖြစ်၊ bbcburmese @ gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို <link type="page"><caption> BBC Burmese</caption><url href="https://www.facebook.com/bbcburmese" platform="highweb"/></link> facebook က Message ဆိုတဲ့နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။
မိုဘီဂျီနို ထုတ်လွှင့်ချိန်
မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။
အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။








