
နှစ်ယောက် စလုံးအတွက် အရေးအကြီးဆုံး နောက်ဆုံး မဲဆွယ်ချိန်ကို ရောက်ရှိလာပါပြီ
သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် ရီပါဘလီကန် သမ္မတလောင်း မစ်တ်ရွမ်နေ တို့အတွက် အစွမ်းကုန် မဲဆွယ်ရမယ့် နောက်ဆုံးနေ့ကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။
အချိန် ၂၄ နာရီ သာ လိုတော့တဲ့ သမ္မတ ရွေးပွဲအတွက် သူတို့ နှစ်ဦးဟာ ကူညီ မဲဆွယ်စည်းရုံးပေးမယ့် သူတွေနဲ့ အတူ အင်တိုက် အားတိုက် ကြိုးစား ဆောင်ရွက်နေ ကြပါတယ်။
သမ္မတ အိုဘားမားဟာ အရင် သမ္မတဟောင်း ဘီကလင်တန် နဲ့အတူ New Hampshire ဘက်မှာ မဲဆွယ်ခဲ့ပြီး၊ Ohio ပြည်နယ်ဘက်မှာတော့ တေးဂီတရှင်တွေနဲ့ အတူ မဲဆွယ် ခဲ့ရာမှာ ကမ္ဘာကျော် အဆိုတော် Steve Wonder လည်း ပါဝင် မဲဆွယ် တာကို တွေ့ရပါတယ်။
Madison နဲ့ Wisconsin ပြည်နယ်တွေ ဘက်ကိုတော့ အဆိုကျော် Bruce Springsteen ဟာ မစ္စတာ အိုဘားမားဟာ နဲ့ အတူ လိုက်ပါ မဲဆွယ်မှာ ဖြစ်ပါတယ်။
မစ္စတာ ရွမ်နေ ကတော့ swing state လို့ခေါ်တဲ့ ဘယ်သူ့ ဘက်ကိုမှာ ထောက်ခံမှု မများတဲ့ ပြည်နယ်တွေမှာ အဓိက ဇောင်းပေး မဲဆွယ် နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီ swing state တွေက မဲရလဒ်ဟာ ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့ အကဲခတ်တွေက ပြောကြားပါတယ်။
ကြိုတင် စစ်တမ်း ကောက်ယူမှုတွေ အရ သမ္မတလောင်း နှစ်ဦးဟာ သူမသာ ကိုယ်မသာ အခြေ အနေမှာ ရှိနေပြီး၊ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိတဲ့ ပြည်နယ်တွေ ဘက်မှာတော့ မစ္စတာ အိုဘားမားဟာ ထောက်ခံမှု အနည်းငယ် ပိုရ နေတာကို တွေ့နေရပါတယ်။












