
ကြိုတင် စစ်တမ်းတွေအရ ကတော့ သမ္မတလောင်း နှစ်ဦးဟာ သူမသာ ကိုယ်မသာ အနေ အထားမျိုး ဖြစ်နေ
အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ သုံးရက်သာ လိုတော့တဲ့၊ အင်မတန်မှ အရေးကြီးတဲ့ အချိန်ကို ရောက်လာပြီ ဖြစ်ရာ သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် ရီပါဘလီကန် သမ္မတလောင်း မစ်တ် ရွမ်နေ တို့ဟာ မဲဆွယ် စည်းရုံးမှုတွေကို အကြိတ် အနယ် ပြုလုပ် နေကြပြီ ဖြစ်ပါတယ်။
သူတို့ နှစ်ဦးဟာ swing state လို့ခေါ်တဲ့ အိုဟိုင်းရိုး၊ ဝစ်ကိုဆင်၊ ကော်လိုရာဒို နဲ့ အိုင်အိုဝါ ပြည်နယ် တွေလို၊ နှစ်ဘက် ထောက်ခံမှု ဘယ်သူ့ ဘက်မှ မသာတဲ့ ပြည်နယ်တွေကို အဓိက ထား မဲဆွယ် နေကြပါတယ်။
အဲဒီ ပြည်နယ်တွေကနေ ရရှိမယ့် မဲရလဒ်ဟာ လာမယ့် အင်္ဂါနေ့ သမ္မတ ရွေးကောက်ပွဲ ကို အဆုံးအဖြတ် ပေးနိုင်မယ့် အနေအထား ရှိနေတာကြောင့် ဖြစ်ပါတယ်။
ကြိုတင် စစ်တမ်းတွေအရ ကတော့ သမ္မတလောင်း နှစ်ဦးဟာ သူမသာ ကိုယ်မသာ အနေ အထားမျိုး ဖြစ်နေပါတယ်။
ဒါပေမယ်လို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ မစ္စတာ အိုဘားမားဟာ ထောက်ခံမှု နည်းနည်းလေး ပိုသာ နေတာကို တွေ့ရတယ်လို့ ဝါရှင်တန် ဘီဘီစီ သတင်းထောက်က ပြောပါ တယ်။












