အိန္ဒိယနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း အတိုင်းအတာကို ဖော်ပြနေတဲ့ ပုံများ

အိန္ဒိယ၊ ကိုဗစ်၊ အောက်ဆီဂျင်၊ ခုတင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ခြေကုန်လက်ပန်း ကျနေကြတဲ့ ကျန်းမာရေး ဝန်ထမ်းများ

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်မှု အကြီးအကျယ် တိုးပွားလာနေရာမှာ နိုင်ငံတစ်ဝန်းနဲ့ ဒေလီမြို့တော်က ဆေးရုံတွေမှာ အောက်ဆီဂျင်စက်တွေနဲ့ လူနာကုတင်တွေ ပြတ်လပ်သွားခဲ့အပြီးမှာ လူနာတွေကို ဆေးရုံ မလာကြဖို့ ပြန်လွှတ်နေရပါတယ်။

အောက်ဆီဂျင်တပ်ထားတဲ့ အရေးပေါ် လူနာတင်ကားတွေလည်း ပြတ်လပ်နေတောကြောင့် တကယ်လို့ ဆေးရုံတွေမှာ လူနာတင် ကုတင် ရှိရင်တောင်မှ လူနာတွေကို ဆေးရုံ ပို့ဖို့ အခက်တွေ့လာနေပြီ ဖြစ်ပါတယ်။

အထူးသဖြင့် ဒေလီမြို့တော်မှာ အခြေအနေတွေ ဆိုးလာနေပြီ ဖြစ်ပြီး ဆေးရုံတွေမှာ အောက်ဆီဂျင်တွေ ပြတ်လပ်နေတဲ့အတွက် လူအသေအပျောက်တွေ များလာနေပါတယ်။

တချို့ဆေးရုံတွေမှာတော့ လူနာတွေ ပြည့်နေပြီး နောက်ထပ် လူနာတွေ မလာကြဖို့ နှင်လွှတ်နေရပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေလည်း ခြေကုန်လက်ပန်း ကျနေကြပါပြီ။

အိန္ဒိယ၊ ကိုဗစ်၊ အောက်ဆီဂျင်၊ ခုတင်

ဓာတ်ပုံ ရင်းမြစ်, REUTERS/Danish Siddiqui

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် နေ့စဉ် ကူးစက်မှုနှုန်းဟာ ကမ္ဘာ့ အမြင့်ဆုံး စံချိန်တင်ခဲ့
အိန္ဒိယ၊ ကိုဗစ်၊ အောက်ဆီဂျင်၊ ခုတင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဆေးကုခံဖို့ သုံးဘီးကားတစင်းပေါ်မှာ စောင့်နေတဲ့ လူနာအမျိုးသမီးတစ်ဦး
အိန္ဒိယ၊ ကိုဗစ်၊ အောက်ဆီဂျင်၊ ကုတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေလီမြို့မှာ လူနာကုတင် ပြည့်နေလို့ ဆေးရုံအပြင်ဘက်မှာ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ စောင့်နေရတဲ့ ကိုဗစ် လူနာ

သုဿန်သင်္ချိုင်းတွေမှာလည်း အလောင်းတွေမြှုပ်နှံဖို့ မနိုင်မနင်းဖြစ်နေ

နိုင်ငံတဝန်းမှာ ကိုဗစ်ကြောင့် သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို သင်္ဂြိုဟ်ဖို့ သုဿန် သင်္ချိုင်းတွေမှာ ကျန်ရစ်သူ မိသားစုဝင်တွေ နာရီပေါင်းများစွာ တန်းစီ စောင့်ဆိုင်းနေရတဲ့ ပုံတွေကလည်း အခြေအနေ ဘယ်လောက်တောင် ဆိုးနေသလဲဆိုတာကို ဖော်ပြနေပါတယ်။ မြို့ကြီး မြို့ငယ်တွေမှာ တစ်ယောက်ချင်းစီ သင်္ဂြိုဟ်ဖို့ နေရာမရှိတော့တဲ့အတွက် အစုလိုက်အပြုံလိုက် သင်္ဂြိုဟ်တာမျိုးတွေ လုပ်နေရပါပြီ။

အိန္ဒိယ၊ ကိုဗစ်၊ အောက်ဆီဂျင်၊ ခုတင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒေလီမြို့မှာ နေရာလပ် မရှိတော့တဲ့အတွက် ကိုဗစ်လူနာ အလောင်းတွေကို အစုလိုက်အပြုံလိုက် သင်္ဂြိုဟ် မြှုပ်နှံနေရ

မြို့ကြီးအတော်များများမှာ အစိုးရ တရားဝင် ထုတ်ပြန်တဲ့ ကိုဗစ် လူနာ သေဆုံးမှု ကိန်းဂဏန်း စာရင်းကို သတင်းထောက်တွေက ပြန်မေးခွန်းထုတ်နေကြပြီး ကိန်းဂဏန်းအမှန် သိရဖို့ သင်္ချိုင်းအပြင်ဘက်မှာ ရက်ပေါင်းများစွာ ကိုယ်တိုင်စောင့်ပြီး အလောင်းတွေ ရေတွက်တာမျိုး တွေတောင် ရှိခဲ့ပါတယ်။ မြို့တချို့မှာ ဆိုရင် တကယ်သေဆုံးခဲ့တဲ့ ကိုဗစ်လူနာ အရေအတွက်ဟာ အစိုးရ ထုတ်ပြန်တဲ့ စာရင်းထက် ၁၀ ဆ များနေတာကို တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆူရက်မြို့က သင်္ချိုင်းတစ်ခုမှာ အလောင်းတွေ မီးသင်္ဂြိုဟ်ရလွန်းလို့ သင်္ချိုင်းခေါင်းတိုင်က တချို့နေရာတွေ အရည်ပျော်စ ပြုနေပြီလို့ ဘီဘီစီ ဂူဂျာရက်ဌာနက သတင်းရေးသားခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေကတော့ ဒီ ကိန်းဂဏန်းတွေကို ပြန်မပြင်သေးပါဘူး။

အိန္ဒိယ၊ ကိုဗစ်၊ အောက်ဆီဂျင်၊ ခုတင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကိုဗစ်နဲ့ သေဆုံးခဲ့သူရဲ့ အသုဘအတွက် စောင့်ဆိုင်းနေတဲ့ ကျန်ရစ်သူ မိသားစုဝင်တစ်ဦး
အိန္ဒိယ၊ ကိုဗစ်၊ အောက်ဆီဂျင်၊ ခုတင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့သူရဲ့ အလောင်းကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတဲ့ မိသားစုဝင်တစ်ဦး
အိန္ဒိယ၊ ကိုဗစ်၊ အောက်ဆီဂျင်၊ ခုတင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒေလီမြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့သူရဲ့ အလောင်းနားက ကျန်းမာရေး ဝန်ထမ်း
အိန္ဒိယ၊ ကိုဗစ်၊ အောက်ဆီဂျင်၊ ခုတင်

ဓာတ်ပုံ ရင်းမြစ်, Sumit Kumar

ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ မြို့တစ်မြို့ဖြစ်တဲ့ လပ်နောင်းမြို့ သင်္ချိုင်းတစ်ခုက အလောင်းတွေ မီးသင်္ဂြိုဟ်တဲ့နေရာ
အိန္ဒိယ၊ ကိုဗစ်၊ အောက်ဆီဂျင်၊ ခုတင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မွန်ဘိုင်းမြို့က သင်္ချိုင်းမြေတစ်ခုမှာ ကိုဗစ်နဲ့ သေဆုံးခဲ့သူတွေအတွက် ကျန်ရစ်သူ မိသားစုတွေနဲ့ စည်ပင်ဝန်ထမ်းတွေက နောက်ဆုံး ဆုတောင်းစာ ရွတ်ဆိုနေကြစဉ်