ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံ သားနှစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပထမဆုံးတွေ့
အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို မတ်လ၁၃ ရက်နေ့က လေကြောင်းခရီး နဲ့ဝင်လာတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့က မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှာ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသား နဲ့အင်္ဂလန်နိုင်ငံက မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဝင်ရောက်လာခဲ့တဲ့ အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတို့မှာ COVID-19 ရောဂါပိုး တွေ့ရှိ ရတယ် လို့ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ အခုလို အတည်ပြုလိုက်တာဖြစ်ပြီး သူတို့ကို ဝေဘာဂီနဲ့ တီးတိန်ဆေးရုံတို့မှာသီးသန့်ခွဲထားတယ်လို့ ထုတ်ပြန်ချက်မှာပါပါ တယ်။
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကိုပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ အခုလို အတည်ပြုတာလို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
တီးတိန်က အမျိုးသားရဲ့ ကျန်းမာရေးအခြေအနေကတော့ ကိုယ်ပူဖျားနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေမရှိဘဲ သက်သာလျက်ရှိပြီးအဆိုပါ လူနာကို ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံမှာ သီးခြားထားပြီး (isolation) စနစ်တကျစောင့်ကြပ်ကုသလျက်ရှိတယ်လို့လည်း ဆိုပါတယ်။
အင်္ဂလန်နိုင်ငံက မတ်လ ၂၂ ရက်နေ့မှာ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဝင်ရောက်လာခဲ့တဲ့ အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားကတော့မတ်လ ၂၃ ရက်ညအထိ ကိုယ်ပူဖျားနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိကြောင်းနဲ့ ဝေဘာဂီအထူးကုဆေးရုံကို လွှဲပြောင်းကာ သီးခြားထားရှိပြီး (isolation) စနစ်တကျစောင့်ကြည့်ထားတယ်လို့ထုတ်ပြန်ပါတယ် ။