သြစတြေးလျ ဒေါ်လာ၅၀ တန်မှာ စာလုံးပေါင်း အမှားပါလာ

သြစတြေးလျနိုင်ငံမှာ ထုတ်ဝေတဲ့ ၅၀ တန် ဒေါ်လာ အသစ်တွေမှာ စာလုံးပေါင်းအမှားပါလာခဲ့ပါတယ်။

သြစတြေးလျ ဗဟိုဘဏ်ကနေ ထုတ်ဝေတဲ့ အဝါရောင် ငွေစက္ကူတွေမှာ "responsibility" ကို "responsibilty" လို့ မှားရိုက်မိထားတာ ဖြစ်ပါတယ်။

အမှားပါသွားတယ်လို့ ဘဏ်က အတည်ပြုခဲ့ပြီး နောက်ထုတ်တဲ့ ငွေတွေမှာ အမှန်ပြန်ပြင်ထားမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အခုထုတ်ဝေတဲ့ အမှားပါသွားတဲ့ ငွေတွေဟာ ၄၆ သန်းရှိပြီး အဲဒီငွေတွေ နိုင်ငံအနှံ့ ပြန့်နေပြီ ဖြစ်ပါတယ်။

အဲဒီငွေစက္ကူတွေဟာ ပြီးခဲ့တဲ့နှစ် အကုန်ပိုင်းလောက်က ထုတ်ဝေခဲ့တာ ဖြစ်ပြီး သြစတြေးလျလွှတ်တော်မှာ ပထမဆုံး အမျိုးသမီး လွှတ်တော်အမတ်ဖြစ်လာတဲ့ အိဒိ ကိုဝင်ရဲ့ ပုံနဲ့ ရိုက်နှိပ်ထားတာ ဖြစ်ပါတယ်။

စာလုံးပေါင်းအမှားက အဲဒီလွှတ်တော်အမတ်ပြောတဲ့ စကားကို ဖော်ပြထားတဲ့ စာသားမှာ စာလုံးပေါင်းအမှားပါသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီစာလုံးသေးသေးလေးတွေရေးထားတဲ့ စာလုံးပေါင်းအမှားကို တစ်ယောက်ယောက်က မှန်ဘီလူးနဲ့ ဖတ်မိဖို့ အချိန် ခြောက်လမကတော့ ကြာသွားပါတယ်။

အဲဒီဒေါ်လာ ၅၀ ငွေစက္ကူဟာ သြစတြေးလျမှာ အများဆုံး သုံးစွဲတဲ့ ငွေစက္ကူဖြစ်ပြီး ငွေထုတ်စက်တွေက အများဆုံး ထုတ်ပေးတဲ့ ငွေစက္ကူဖြစ်ပါတယ်။

စာလုံးပေါင်းမှားနေပေမဲ့ ငွေတွေဟာ တရားဝင်ငွေကြေးတွေအဖြစ်သုံးလို့ရပါတယ်။