အီသီယိုးပီးယား ခရီးသည်တင် လေယာဉ် ဘိုးရင်း ၇၃၇ ပျက်ကျမှု အသက်ရှင်သူ မရှိဘူးလို့ သတင်းထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Ethiopian Airlines
အီသီယိုးပီးယား လေကြောင်း လိုင်းက ခရီးစဉ် အမှတ် ET 302 လေယာဉ် ပျက် ကျမှု အတွင်းမှာ ခရီးသည်တွေ နဲ့ လေယာဉ် အမှု ထမ်း အားလုံး သေဆုံး ခဲ့ပြီ ဖြစ် ကြောင်း သက်ဆိုင်ရာ က သတင်း ထုတ်ပြန်ပါတယ်။
ကင်ညာ နိုင်ငံ နိုင်ရိုဘီ မြို့တော် ကို ဦးတည် ပျံသန်း သွားတဲ့ အဲဒီလေယာဉ် ထဲမှာ ခရီးသည် ၁၄၉ ဦး နဲ့ အတူ လေယာဉ် အမှုထမ်း ၈ ဦး လိုက်ပါ သွား ခဲ့ကြတာပါ။
ခရီးသည်တွေ ထဲမှာ နိုင်ငံခြားသား စုစုပေါင်း ၃၃ ဦး ပါဝင် တယ်လို့လည်း အီးသီယိုးပီးယား လေကြောင်းလိုင်း က သတင်း ထုတ်ပြန်ထားပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
ခရီးသည်တင် လေယာဉ် ဘိုးရင်း ၇၃၇ မက်စ် ၈ လေယာဉ် အမျိုးအစား ဟာ အီသီယိုးပီးယား လေကြောင်း လိုင်းမှာ အသုံးပြု နေတာ လပိုင်းမျှသာ ရှိပါသေးတယ်။ လေယာဉ်ကွင်း ကနေ ပျံတက်ပြီး ခြောက်မိနစ် အကြာမှာ ပျက်ကျ သွားခဲ့ရတာ လည်း ဖြစ်ပါတယ်။
ဘာ့ကြောင့် ပျက်ကျမှု ဖြစ်ရသလဲ ဆိုတဲ့ အသေးစိတ် အကြောင်းရင်း ကိုတော့ မသိရသေးပါဘူး။ လေကြောင်းလိုင်း ဘက်ကတော့ စုံစမ်း စစ်ဆေးမှုတွေ လုပ်သွား မယ်လို့ ပြောဆို ထားပါတယ်။
လေယာဉ်ပျက်ကျတဲ့ အချိန်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွား နေတာ ကို တွေ့မြင် ခဲ့ရ ကြောင်း မျက်မြင်သက်သေ တွေ က ဘီဘီစီ ကို ပြောကြပါတယ်။
လေယာဉ်ပျက်ကျ ခဲ့ရမှုနဲ့ သေဆုံးခဲ့သူတွေ အတွက် စိတ်မကောင်း ဖြစ်ရပြီး ဝမ်းနည်းကြောင်း အီးသီယိုးပီးယား ဝန်ကြီးချုပ် က သူ့ရဲ့ လူမှု ကွန်ရက် စာမျက်နှာ မှာ ပြောဆို ထားပါတယ်။

လေယာဉ် ထုတ်လုပ်တဲ့ ဘိုရင်း ကုမ္ပဏီ ဘက်ကလည်း လေယာဉ် ပျက်ကျမှု ကို အနီးကပ် စောင့်ကြည့် လေ့လာမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။
၂၀၁၆ ခုနှစ် ကမှ အဆိုပါ ဘိုရင်း ၇၃၇ မက်စ် ၈ အမျိုးအစား ကို စတင် ထုတ် လုပ်ခဲ့တာ ဖြစ်ပါတယ်။ အီသီယိုးပီးယား လေကြောင်းလိုင်း ကလည်း ပြီးခဲ့တဲ့ နှစ် ဇူလိုင်လ ကမှ အဲဒီ လေယာဉ် တွေကို စတင် အသုံးပြု ခဲ့တာပါ။


လွန်ခဲ့တဲ့ ငါးလ ခန့်က အင်ဒိုနီးရှားမှာ ပျက်ကျ ခဲ့ရပြီး လူ ၁၉၀ ကျော် သေဆုံး ခဲ့ရတဲ့ လိုင်းယွန်း လေကြောင်း လိုင်း ဟာလည်း ဒီလေယာဉ် အမျိုးအစား ကိုပဲ အသုံးပြု ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်က မြေထဲပင်လယ်ဘက်မှာ သူတို့ ရဲ့ လေယာဉ် ပျက်ကျ မှု ဖြစ်ပွားခဲ့ဖူးပေမယ့် အီးသီယိုးပီးယား လေကြောင်းလိုင်း ဟာ အာဖရိက နိုင်ငံ တွေကြား မှာ ဘေးကင်း လုံခြုံရေး နဲ့ ပတ်သက်လို့ နာမည်ကျော် ကြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP








