ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းက အာဏာဖီဆန်တဲ့ အမျိုးသမီးရဟန်းခံပွဲ
ထိုင်းနိုင်ငံမှာ ၁၉၂၈ ခုနှစ်က ထုတ်တဲ့ ဥပဒေအရ အမျိုးသမီးတွေ ရဟန်းပြုခွင့် မရှိပါဘူး။
ဒါပေမဲ့ အာဏာဖီဆန်တဲ့ အမျိုးသမီးတစုကတော့ အစိုးရ အသိအမှတ်မပြုတဲ့ အမျိုးသမီး ဘုန်းကြီးကျောင်းတကျောင်းမှာ စုပြီး ဗုဒ္ဓဘာသာ ထုံးစံအရ ရဟန်းခံခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်း နခုံပထုံ ခရိုင်က ဆောင်ဓမ္မကလျာဏီ ကျောင်းမှာပါ။ ဒီကျောင်းကို ၁၉၆ဝ က တည်ထောင်ခဲ့ပြီး သီဟိုဠ်ကနေ ပထမဆုံး ရဟန်းခံပြီး ပြန်လာတဲ့ ထိုင်း ဘိက္ခုနီတပါးက ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကျောင်းမှာပဲ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ရဟန်းခံပွဲကို ၂ဝဝ၂ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။