ရာစုနှစ်အတွင်း အဆိုးဆုံး အိန္ဒိယ ရေဘေး အရေးပေါ် ကယ်ဆယ်

တချို့ နေရာတွေမှာလည်း ရေတွေ ပြန်ကျလာတာကြောင့်အခြေအနေတွေ ပိုကောင်းလာဖို့လည်း ဒေသခံတွေက မျှော်လင့်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES

ဓာတ်ပုံ ပုံစာ, တချို့ နေရာတွေမှာလည်း ရေတွေ ပြန်ကျလာတာကြောင့်အခြေအနေတွေ ပိုကောင်းလာဖို့လည်း ဒေသခံတွေက မျှော်လင့်နေပါတယ်။

အိန္ဒိယနိုင်ငံ Kerala ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၀ဝ ကျော် သေဆုံးခဲ့ရ ပြီးတဲ့နောက် မိုးရွာတာ နည်းလာလို့ ကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်နေပါတယ်။

အိန္ဒိယနိုင်ငံက ခရိုင်တွေမှာ မိုးကြီးမယ်ဆိုတဲ့ အနီရောင် သတိပေးချက်ကို မိုးလေဝသ ဌာနက ပြန်လည် ရုပ်သိမ်းလိုက်ပြီး တချို့ နေရာတွေမှာလည်း ရေတွေ ပြန်ကျလာတာကြောင့်အခြေအနေတွေ ပိုကောင်းလာဖို့လည်း ဒေသခံတွေက မျှော်လင့်နေပါတယ်။

အိန္ဒိယ စစ်တပ်က တပ်သားတွေကလည်း ရေဘေးကြောင့် ပိတ်မိနေတဲ့ လူတွေကို ကယ်တင်ဖို့ ကြိုးစားနေပါတယ်။

ရေတပ်နဲ့ လေတပ်က ရဟတ်ယာဉ်တွေနဲ့ လေယာဉ်တွေကလည်း အိမ်ခေါင်မိုး တွေပေါ်မှာ ပိတ်မိနေတဲ့သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစား အသောက် တွေကို ချပေးနေတယ်လို့ ဆိုပါတယ်။

ရေတပ်နဲ့ လေတပ်က ရဟတ်ယာဉ်တွေနဲ့ လေယာဉ်တွေကလည်း အိမ်ခေါင်မိုး တွေပေါ်မှာ ပိတ်မိနေတဲ့သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစား အသောက် တွေကို ချပေးနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရေတပ်နဲ့ လေတပ်က ရဟတ်ယာဉ်တွေနဲ့ လေယာဉ်တွေကလည်း အိမ်ခေါင်မိုး တွေပေါ်မှာ ပိတ်မိနေတဲ့သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစား အသောက် တွေကို ချပေးနေတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက မြစ်ကမ်းနံဘေးမှာရှိတဲ့ Chengannur မြို့မှာ ပိတ်မိနေတဲ့ လူ ၅၀ဝ၀ကို ကယ်ဆယ်ဖို့ အာရုံစိုက် လုပ်ဆောင်နေတယ်လို့ အစိုးရက ထုတ်ပြန် ပါတယ်။

ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ထောင်ချီတဲ့ အစိုးရတပ်ဖွဲ့တွေကို Kerala ပြည်နယ် တဝန်းမှာ ချထားတယ်လို့ ဆိုပါ တယ်။

ပြည်နယ်ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် Yogita Limayeက ငါးဖမ်းလုပ်သမား အများစုကလည်း သူတို့ရဲ့ လှေတွေကို အသုံးပြုပြီး ကယ်ဆယ်ရေး လုပ်နေတယ်လို့ ပြောပါတယ်။

Kerala ပြည်နယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဆက်သွယ်ရေး ကုမ္ပဏီတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းမှာ အထောက်အကူ ဖြစ်စေဖို့ ဖုန်းမက်ဆေ့ချ်တွေကို အခမဲ့ ပို့ခွင့်ပြု ထားတယ်လို့ ဆိုပါတယ်။

သောက်ရေသန့်တွေ တင်ဆောင်ထားတဲ့ အထူးရထားတစီးကိုလည်း ပြည်နယ်ကို စေလွှတ်နေတယ်လို့ ဆိုပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် Narendra Modiကလည်း ဒီသဘာဝဘေးအန္တရာယ် အကြီးမားဆုံး ထိခိုက်ခဲ့တဲ့ နေရာဆီကို သွားရောက်ပြီး ပြည်နယ်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါ တယ်။

Kerala ပြည်နယ်မှာ လက်ရှိရင်ဆိုင်နေရတဲ့ ရေကြီးရေလျှံမှုတွေဟာ နှစ်ပေါင်း ၁၀ဝ အတွင်း အဆိုးဝါးဆုံးဖြစ်တယ်လို့ ပြည်နယ် ဝန်ကြီးချုပ် Pinarayi Vijayanက ပြောပါတယ်။

လူ ၂ သိန်းကျော်ဟာ Kerala ပြည်နယ် တဝန်းမှာရှိတဲ့ အရေးပေါ် ကယ်ဆယ်ရေး စခန်း ၂ ထောင်ကျော်မှာ ခိုလှုံနေရတယ်လို့ သူက လူမှုကွန်ရက် တွစ်တာပေါ်မှာ ရေးပါတယ်။

လာရောက်ခိုလှုံတဲ့သူတွေ ရေကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေ ဖြစ်လာမှာကို ကျန်းမာရေး တာဝန်ရှိသူတွေက စိုးရိမ်နေ ပါတယ်။

Kerala ပြည်နယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

လက်ရှိအချိန်မှာ ရေကြီးလို့ လူပေါင်းမြောက်များစွာဟာ အိမ်ခေါင်မိုးတွေ၊ သစ်ပင်တွေ ပေါ်မှာ ပိတ်မိနေဆဲ ဖြစ်သလို သောက်သုံးရေနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

တချို့လူတွေဆိုရင် လျှပ်စစ်မီးမရှိ၊ အထောက်အပံ့မရှိဘဲ ပိတ်မိနေသလို ကယ်ဆယ်ရေး အဖွဲ့ဝင်တွေကိုလည်း ဆက်သွယ်မရ ဖြစ်နေပါတယ်။

သီတင်းပတ် အတော်ကြာ မိုးသည်ထန်ခဲ့လို့ ရေကြီး မြေပြိုမှုတွေ Kerala ပြည်နယ် တဝန်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီပြည်နယ်ဟာ အိန္ဒိယနိုင်ငံမှာ မိုးရေချိန် လက်မ အများဆုံး ရွာသွန်းလေ့ရှိတဲ့ ပြည်နယ် ဖြစ်ပေမယ့် ဒီနှစ်မှာတော့ အရင်နှစ်တွေ ကထက် မိုးရေချိန် ၃၇ ရာခိုင်နှုန်း မြင့်တက် ခဲ့တယ်လို့ အိန္ဒိယ မိုးလေဝသ ဌာနက ပြောပါတယ်။

ရေကြီးမှုဖြစ်ပွားခဲ့တဲ့ Kerala ပြည်နယ်မှာ မြစ် ၄၁ စင်း ရှိပြီး ဆည် ၈၀လောက် ရှိနေပါ တယ်။ လက်ရှိမှာတော့ ရေကြီးမှုကြောင့် ဆည်တွေကို ဖွင့်ထားရတယ်လို့ ဆိုပါတယ်။

ရေကြီးမှုခံရတဲ့ အခြေအနေကို Kerala ပြည်နယ် Palakkad မြို့ ရဲအရာရှိ Unni Krishnaက သူနေတဲ့နေရာ အနီး တဝိုက် နေရာ ၈၀ လောက် မြေပြိုမှု ဖြစ်ခဲ့ပြီး သစ်ပင် ၆၀ဝကနေ ၈၀ဝ လောက်အထိ ပြိုလဲသွားတယ်လို့ ပြောပါတယ်။