ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နျူလျှော့ချရေးမလုပ်မချင်း မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှု ဆက်ရှိမယ်
မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လျှော့ချရေးလုပ်ငန်းစဉ်တွေ မလုပ်မချင်း ပိတ်ဆို့အရေးယူတွေကနေ ကင်းလွတ်ခွင့် ရမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။
ကန်နိုင်ငံခြားရေးဝန်ကြီးဟာ တောင်ကိုရီးယား မြို့တော် ဆိုးလ်မှာ တောင်ကိုရီးယား ဂျပန်တို့နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ပြုံးယမ်အနေနဲ့ သူတို့ရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေကို စွန့်လွတ်ဖို့ ကတိပြုထားခဲ့ပြီးဖြစ်တယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြောက်ကိုရီးယား အမေရိကန်တို့အနေနဲ့ ဆက်ဆံရေးခေတ်သစ်ကို စတင်ထူထောင်လိုက်ပြီလို့ နှစ်ဘက်ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ အလုံးစုံ နျူးကလီးယားလျှော့ချဖျက်သိမ်းမှုတွေပြုလုပ်နိုင်ဖိုပအတွက် မြောက်ကိုရီးယားကလည်း ထပ်လောင်းအတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။
တချိန်ချိန်မှာ သူတို့ကို ကျွန်တော်တို့ ကူညီနိုင်ဖို့နည်းလမ်းတွေကို ရှာဖွေပါမယ် သူတို့က ပေးထားတဲ့ ကတိအတိုင်းမလုပ်ဘဲ သွေဖယ်ခဲ့မယ်ဆိုရင် လက်ရှိသွားနေတဲ့ လမ်းကြောင်းပေါ်ကနေ ကျွန်တော်တို့ လမ်းချော် ဘေးရောက်သွားပါလိမ့်မယ်လို့ မိုက်ပွန်ပေယိုက ပြောပါတယ်။
မိုက်ပွန်ပေယိုဟာ အမေရိကန်နဲ့ သူရဲ့ မဟာမိတ်တွေအကြား စင်္ကာပူ သဘောတူညီချက်နဲ့ ပတ်သက်လို့ ရှင်းပြဖို့ ရောက်လာတာဖြစ်ပါတယ်။ ထရန့်ရဲ့ ကြေညာချက်ထဲမှာ အမေရိကန် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းမယ်ဆိုတာလည်း ပါဝင်ခဲ့ပြီး အဲဒီ စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားကို စိတ်ဆိုးစရာ ဖြစ်စေခဲ့တာပါ။
မစ္စတာ ထရန့် နဲ့ ကင်ဂျုံအွန်းအကြား သဘောတူချီချက်တွေထဲမှာ နျူကလီးယားလုပ်ငန်းစဉ်တွေကို တဆင့်ပြီးတဆင့် ဖျက်သိမ်းသွားမယ်ဆိုတဲ့ သတင်းမီဒီယာတွေရဲ ဖော်ပြချက်ကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆန်ခဲ့ပါတယ်။
အမေရိကန်အနေနဲ့ ပြုံးယမ်းကို အကူအညီတွေအများကြီးပေးဖို့ဆိုတာ အဲဒီကိစ္စတွေအပေါ် မူတည်ပြီး အချိန်သတ်မှတ်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ကင်ဂျုံအွန်းအနေနဲ့ နျူကလီးယားလျှော့ချရေး လုပ်ငန်းစဉ်တွေ အလျင်အမြန်လုပ်ဖို့ လိုအပ်နေတယ်ဆိုတာ နားလည်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီး သူတို့အနေနဲ့ အဲဒီကိစ္စကို အလျင်အမြန် အကောင်ထည်ဖော်ရပါလိမ့်မယ်လို့ မိုက်ပွန်ပေယိုက ပြောပါတယ်။