မြောက်ကိုရီးယား နျူကလီးယားစခန်း ဖျက်ကြောင်း ကြေညာ

ဓာတ်ပုံ ရင်းမြစ်, JEON HEON-KYUN
မြောက်ကိုရီးယားက ပွန်ဂေရီ နျူကလီးယား စမ်းသပ်စခန်းကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
အခုလို ဖျက်သိမ်းရာမှာ နျူကလီးယားဗုံး စမ်းသပ်ရာ မြေအောက် လိုဏ်ဂူတွေကိုလည်း ဖောက်ခွဲ ဖြိုချခဲ့တယ်လို့လည်း သတင်းပေးပို့မှုတွေ ရှိနေပါတယ်။
အခုလို ဖျက်သိမ်းမှုတွေကို ဖိတ်ခေါ်ထားတဲ့ နိုင်ငံတကာ စာနယ်ဇင်းသမားတွေရဲ့ ရှေ့မှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အမေရိကန် သမ္မတ ထရမ့်နဲ့ ထိပ်သီး တွေ့ဆုံပွဲ မလုပ်ခင်မှာ အခုလို ဖျက်သိမ်းမယ်လို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်နဲ့ သဘောတူညီမှု မရရင် လစ်ဗျားလို အခြေအနေဆိုးမယ်လို့ အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်က ပြောခဲ့တာကြောင့် ဒါကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နှစ်ဘက် တွေ့ဆုံမယ့်ကိစ္စလည်း မသေမချာ ဖြစ်နေပါတယ်။









