ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ ဖြစ်ချင်မှ ဖြစ်မယ်လို့ သမ္မတ ထရမ့်ပြော
လာမယ့် ဇွန်လ ၁၂ ရက် မှာ ကျင်းပဖွယ် ရှိတဲ့ မြောက်ကိုးရီးယားနဲ့ သမိုင်းဝင် ထိပ်သီးညီလာခံဟာ ခိုင်မာတဲ့ အခွင့်အလမ်းတရပ် ဖြစ်တဲ့ တိုင်အောင် ဖြစ်ချင်မှ ဖြစ်တော့မယ် အမေရိကန် သမ္မတ ထရမ့်က ပြောပါတယ်။
မြောက်ကိုရီးယားအနေနဲ့ တင်ပြထားတဲ့ အချက်အလက်တွေကို ပြည့်မီမှ ထိပ်သီး ညီလာခံကို သတ်မှတ်ရက်မှာ ခေါ်ယူမှာမို့ အဆင်မပြေရင် တွေ့ဆုံမယ့် ရက်ကို ရွှေ့ဆိုင်းဖွယ်ရှိတယ်လို့ သမ္မတထရမ့် က တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ဘက်က လိုလားတဲ့ အချက်အလက်တချို့တင်ပြထားတာ ရမယ်လို့ ထင်သလို မရရင် ဆွေးနွေးပွဲ မဖြစ်နိုင်တော့ဘူးလို့ သမ္မတ ထရမ့်က ပြောပါတယ်။
ဒါအပြင် ဒီဆွေးနွေးပွဲဟာ မြောက်ကိုရီးယားအတွက် အလွန်အရေးပါတဲ့ အခွင့်အရေး တခု ရသွားတာ ဖြစ်သလို ကမ္ဘာကြီးအတွက် အရေးပါတဲ့ အကြောင်းနဲ့ အခုဖြစ်မလာရင်လည်း နောင်ကို ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
သမ္မတထရမ့် က အမေရိကန်ဘက်က ဘယ်လို အချက်အလက်တွေ တောင်းခံ ထားတယ် ဆိုတာကိုတော့ ရှင်းမပြပါဘူး။ ဒါပေမယ့် သတင်းထောက်တဦး မေးရာမှာတော့ နျူကလီးယား လက်နက် ဖျက်သိမ်းရေးကို အကောင်အထည် ဖော်ရမှာလို့ ပြောပါတယ်။
မြောက်ကိုရီးယားဘက်ကလည်း ဒီတပတ် အတွင်း နျူကလီးယား စမ်းသပ်မှု ပြုတဲ့နေရာကို ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖျက်သိမ်းဖို့ ကတော့ ရာသီဥတု မကောင်းတဲ့ အတွင် နှောင့်နှေး ကြန့်ကြာ နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ စမ်းသပ်စခန်း ဖျက်သိမ်းတဲ့ အခမ်းအနားကိုလည်း နိုင်ငံခြား သတင်းဌာနတွေ က သတင်းထောက်တွေကို ဖိတ်ခေါ်မယ် လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ကိုရီးယား နဲ့ အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှု ကို မကျေနပ်လို့ တောင်ကိုးရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ကို မြောက်ကိုရီးယား ဘက်ကလည်း ဖျက်သိမ်းလိုက်ပါတယ်။
ဒါ့အပြင် အမေရိကန် လုံခြုံရေး အကြံပေး ဂျွန်ဘိုလ်တင်က မြောက်ကိုရီးယား ခေါင်းဆောင်သာ နျူကလီးယား လက်နက်တွေကို မဖျက်သိမ်းရင် လစ်ဗျား ခေါင်းဆောင်လို ဖြစ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
လေ့လာအကဲခတ်တွေကတော့ အခု အချိန်မှာ အမေရိကန်ရော မြောက်ကိုးရီးယား ခေါင်းဆောင်ပါ ထိပ်သီးညီလာခံ ရှေ့ဆက်သွားဖို့ အရေးမှာ စွန့်စား ပေးဆပ်မှုတွေ များလာပြီ လို့ သုံးသပ်ကြပါတယ်။
ဒီအတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို ကတော့ ထိပ်သီး ညီလာခံ ပေါ်ပေါက်ရေးအတွက် မြောက်ကိုးရီးယားခေါင်းဆောင်က တောင်းဆိုခဲ့ တာဖြစ်လို့ သမ္မတထရမ့်က လက်ခံခဲ့တဲ့ အကြောင်း၊ ဒါကြောင့်မို့ နောင်မှာ ဖြစ်နိုင် ခြေ အလားအလာ ရှိပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။