ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့် နဲ့ ကင် စင်္ကာပူမှာ တွေ့မယ်
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ နှစ်ဦး ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူမှာ တွေ့မယ်လို့ သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ အချိန်ကာလ ဖြစ်အောင် ခေါင်းဆောင်နှစ်ဦးလုံးက ကြိုးစားသွားမယ်လို့ သမ္မတ ထရမ့်က တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား စစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့နဲ့ မြောက်ကိုရီးယားရဲ့ နျူကလီယား အစီအစဉ်တွေ အဆုံးသတ်ဖို့ကိုလည်း ညှိနှိုင်းသွားဖို့ ရှိပါတယ်။
မြောက်ကိုရီးယားမှာ တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန် နိုင်ငံသား ၃ ဦး ပြန်လည် လွတ်မြောက်လာပြီး နောက်ရက်မှာပဲ သမ္မတ ထရမ့်က အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။