ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်း ပုဂ္ဂိုလ်ဟောင်း ထောင်တသက် ချခံရ
တရုတ်နိုင်ငံမှာ တချိန်က ခေါင်းဆောင်ပိုင်းရာထူး တခုအတွက် လျာထားဖို့ စဉ်းစားခံခဲ့ရတဲ့ ကွန်မြူနစ်ပါတီ ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်ဟောင်း တဦးကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပါတီ တာဝန်ရှိ ပုဂ္ဂိုလ်ဟောင်း ဆွန် ဂျန်ကိုင် ကို ဖမ်းဆီးပြီး ပါတီထဲကနေ ရုတ်တရက် ဖယ်ရှားလိုက်တဲ့အတွက် နိုင်ငံရေးလောကမှာ အတော်လေး အံ့အားတသင့် ဖြစ်သွားခဲ့ရပါတယ်။
သူဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ချောင်ချင်းမြို့ရဲ့ ပါတီအကြီးအကဲ ဖြစ်ပြီး ပေါလစ်ဗြူရိုမှာ အသက်အငယ်ဆုံး အဖွဲ့ဝင် ဖြစ်ပါတယ်။
ဆွန် ဂျန်ကိုင်ဟာ လာဘ်ငွေ ဒေါ်လာ ၂၇သန်း နီးပါး ယူခဲ့တယ်လို့ ပြီးခဲ့တဲ့ လတုန်းက တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။
ဆွန်ဂျန်ကိုင်ဟာ သမ္မတ ရှီကျင်ပင်းရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး စစ်ဆင် လှုပ်ရှားမှုအတွင်း အခုနောက်ဆုံး အရေးယူခံရတဲ့ အဆင့်မြင့်ဆုံး အစိုးရ ပုဂ္ဂိုလ် ဖြစ်ပါတယ်။