ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာရာအိုကေ မီးလောင်လို့ တရုတ် ၁၈ ဦးသေ
တရုတ်နိုင်ငံတောင်ပိုင်း ရင်းဒဲမြို့က ကာရာအိုကေ ဘားတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်တရုတ်နိုင်ငံသား ၁၈ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
မနေ့ကည သန်းခေါင်ယံအချိန်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ ကာရာအိုကေရဲ့ တတိယထပ်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၂ အရွယ်ရှိ အမျိုးသားတဦးကို မီးရှို့မှု သံသယနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ သူဟာ မီးရှို့မှု မစတင်ခင် ကာရာအိုကေ ဘားဆိုင်ရဲ့ ဝင်ပေါက်ထွက်ပေါက်ကို မော်တော်ဆိုင်ကယ်နဲ့ ပိတ်ဆို့ထားခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။
ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုကလစ်မှာတော့ ကာရာအိုကေဘား မီးလောင်နေတာကို ဘေးကနေရပ်ကြည့်နေသူတွေလည်း ရှိနေတာ မြင်တွေ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်ပြည်အရှေ့ပိုင်းမှာ မီးရှိုးမှုကြောင့် မီးလောင်တဲ့ ဖြစ်ရပ်တခုဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦးသေဆုံးခဲ့ရပါတယ်။