နျူစမ်းသပ်မှုတွေရပ်မယ်လို့ မြောက်ကိုရီးယားကြေညာ

နျူးကလီးယားစမ်းသပ်မှုတွေ အောင်မြင်ပြီးဖြစ်လို့ ထပ်စမ်းသပ်ဖို့ မလိုတော့ဘူးလို့ ကင်မ်ဂျုံအွန်းကဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နျူးကလီးယားစမ်းသပ်မှုတွေ အောင်မြင်ပြီးဖြစ်လို့ ထပ်စမ်းသပ်ဖို့ မလိုတော့ဘူးလို့ ကင်မ်ဂျုံအွန်းကဆို

နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို ချက်ခြင်း ရပ်ဆိုင်းထားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un ကင်မ်ဂျုံအွန်းက ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယား အနေနဲ့နျူကလီးယား ဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးဖြစ်တာကြောင့် ဒါမျိုး ဒါမျိုး စမ်းသပ်မှုတွေ လုပ်ဖို့ မလိုတော့ဘူးမစ္စတာကင်မ်က ဆိုပါတယ်။

နျူကလီးယား စမ်းသပ်မှုတွေက အောင်မြင်ခဲ့ပြီးဖြစ်တယ်လို့လည်း မစ္စတာကင်က ဆိုပါတယ်။

နျူကလီးယား စမ်းသပ်တဲ့ စခန်းတခုကို ပိတ်ပစ်မယ်လို့လည်း သူက ပြောပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ ငြိမ်းချမ်းပြီး စီးပွားရေး တိုးတက်လာစေဖို့ ရည်ရွယ်ချက်နဲ့ အခုလို စမ်းသပ်မှုတွေ ရပ်ဆိုင်းလိုက်တာလို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ထုတ်ပြန်ပါတယ်။

ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အခုတလောပြေပြစ် ချောမွေ့လာတာ ဖြစ်ပါတယ်။