ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ အမေရိကန် ချမှတ်

ရုရှားခေါင်းဆောင်တွေအပါအ၀င် သမ္မတပူတင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ကုမ္ပဏီတွေကို အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုတွေကို ဧပြီလ ၆ ရက်နေ့မှာ ချမှတ်လိုက်ပါပြီ။
ဒီစာရင်းထဲမှာ သမ္မတ ပူတင် ကိုယ်ရံတော်အပါအ၀င် သားမက်ဖြစ်သူနဲ့ သမ္မတ နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းနဲ့ သူတို့ချယ်လှယ်နေတဲ့ ကုမ္ပဏီ ဒါဇင်နဲ့ချီလည်း ပါ၀င်ပါတယ်။
ဒါကြောင့်လည်း သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးက အမေရိကန်ရဲ့ တရားစီရင်ရေး အောက်မှာ အကျုံးဝင်တော့မှာ မဟုတ်ပါဘူး။
အမေရိကန် ပြည်ထောင်စုအနေနဲ့ ရုရှားအစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိချင်ပေမယ့် သူတို့ရဲ့ အပြုအမူတွေ ပြောင်းလဲဖို့အတွက် ဒီလို လုပ်ဆောင်လိုက်ရတာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး Sarah Huckabee Sanders က ပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီကို ဖြိုဖျက်ဖို့အတွက် ရုရှားတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ တခြား ဆိုးဝါးတဲ့ အပြုအမူတွေကို ပြန်လည် တုန့်ပြန်လိုက်တာဖြစ်တယ်လို့ အမေရိကန်ခေါင်းဆောင်တွေက ပြောပါတယ်။
ဒီလိုအရေးယူပိတ်ဆို့မှုတွေဟာ ရုရှားတို့ သွားနေတဲ့ လမ်းကြောင်းကနေ သွေဖယ်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ပြန်လည်တုန့်ပြန်လိုက်ပါတယ်။




