ကင်ဂျုံအွန်း ဖအေတူ မအေကွဲ အကို ဓာတုပစ္စည်းနဲ့ လုပ်ကြံခံရလို့ ကန်ပြော

မစ္စတာ ကင်ဂျုံနမ် လုပ်ကြံမှုနောက်ကွယ်မှာ ကြိုးကိုင်တာဟာ မြောက်ကိုရီးယားလို့ အမေရိကန်က စွပ်စွဲထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မစ္စတာ ကင်ဂျုံနမ် လုပ်ကြံမှုနောက်ကွယ်မှာ ကြိုးကိုင်တာဟာ မြောက်ကိုရီးယားလို့ အမေရိကန်က စွပ်စွဲထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆာင် ကင်ဂျုံအွန်းရဲ့ ဖအေတူ မအေကွဲအကို ကင်ဂျုံနမ်ဟာ ဓာတုပစ္စည်းနဲ့ လုပ်ကြံခံရတာလို့ အမေရိကန်ပြည်ထောင်စုက သုံးသပ်ပါတယ်။

၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ အမျိုးသမီး၂ ဦးက သူမျက်နှာကို အဆိပ်ပြင်း VX ခေါ် အာရုံကြော ထိခိုက်စေတဲ့ ဓာတုဒြပ်ပေါင်း ပါတဲ့ မျက်နှာသုတ် ပဝါနဲ့ အုပ်လိုက်တာ ဖြစ်ပါတယ်။

တီဗွီ ရိုက်ကူးတယ်ထင်လို့ အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ တရားရင်ဆိုင် နေရတဲ့ အမျိုးသမီး ၂ ဦးက ပြောပါတယ်။

ဒီလို ဓာတုပစ္စည်းနဲ့ တိုက်ခိုက်တာကြောင့် မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူ သွားမယ်လို့ အမေရိကန်က နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

မစ္စတာ ကင်ဂျုံနမ် လုပ်ကြံမှုနောက်ကွယ်မှာ ကြိုးကိုင်တာဟာ မြောက်ကိုရီးယားလို့ အမေရိကန်က စွပ်စွဲထားပါတယ်။ မစ္စတာ ကင်ဂျုံနမ်ဟာ မိသားစုနဲ့ ခပ်ခွာခွာနေလေ့ရှိပြီး တရုတ်၊ စင်ကာပူမှာ အနေများ တယ်လို့ ဆိုပါတယ်။

သူတို့ မျိုးဆက်တွေ မြောက်ကိုရီးယားကို ထိန်းချုပ်လာတာကို မစ္စတာ ကင်ဂျုံနမ်က ဝေဖန်ပြောဆိုခဲ့ပြီး ၂၀၁၂ ခုနှစ်က ထုတ်ဝေတဲ့ စာအုပ်မှာတော့ ညီ ကင်ဂျုံအွန်းဟာ ခေါင်းဆောင်မှု အရည်အချင်း မရှိဘူးလို့ ထုတ်ပြောခဲ့ပါတယ်။