ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရတ် အိုင်အက်စ် စစ်ပွဲပြီးကြောင်းကြေညာ
အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ်အာဘဒီက အစ္စလာမ်နိုင်ငံအဖွဲ့ အိုင်အက်စ်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲပြီးဆုံးသွားပြီလို့ ကြေညာလိုက်ပါတယ်။
အီရတ်တနိုင်ငံလုံးမှာ အီရတ်အလံ လွှင့်ထူနိုင်ခဲ့ပြီလို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ အီရတ်ဝန်ကြီးချုပ်က ပြောလိုက်တာဖြစ်ပါတယ်။
ဒီနေ့ တနင်္ဂနွေနေ့ကို အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်ပြီး အောင်ပွဲခံမှာမို့ ရုံးပိတ်ရက် ကြေညာ ထားပါတယ်။
အမေရိကန် ကလည်း အီရတ်မှာ မိစ္ဆာသိမ်းပိုက်မှု ပြီးဆုံးသွားပြီလို့ ပြောခဲ့ပါတယ်။
ရုရှားစစ်တပ်က ဆီးရီးယားမှာ ရုရှားရဲ့ စစ်ရေးဆောင်ရွက်ချက် ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆီးရီးယားမှာ အိုင်အက်စ် ထိန်းချုပ်ဒေသ မရှိတော့ကြောင်း ကြေညာအပြီး ၂ ရက်အကြာမှာ အခုလိုကြေညာခဲ့တာ ဖြစ်ပါတယ်။