အန်ကောဝပ်က ရတနာပြန်တွေ့

khmer

ဓာတ်ပုံ ရင်းမြစ်, TANG CHHIN SOTHY

ဓာတ်ပုံ ပုံစာ, ခမာဘုရင်တွေ ခေတ်က လက်ဝတ်ရတနာတွေ

ကမ္ဘောဒီးယားက ကမ္ဘာကျော် အန်ကောဝပ် ကျောင်းတော်ကြီးကနေ ၁၉၇ဝ ကျော်က ပြည်တွင်းစစ်တွေ အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ ရွှေလက်ဝတ် ရတနာ ပစ္စည်းတွေကို ပြန်လည် ရရှိခဲ့ပါတယ်။

သရဖူ တခု၊ နားတောင်းနဲ့ လက်ကြပ် ရင်စည်းတွေ ပါတဲ့ ပစ္စည်း ဆယ်မျိုးပါ လက်ဝတ် ရတနာတွေကို လန်ဒန်မှာ ရောင်းချဖို့ မနှစ်က ကြော်ငြာတာကို ကမ္ဘောဒီးယား အစိုးရက သတိထားမိခဲ့တာပါ။

အဲဒီနောက် လက်ဝယ် ပိုင်ဆိုင်ထားသူကို ပြန်လည် ပေးအပ်ဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။

khmer

ဓာတ်ပုံ ရင်းမြစ်, TANG CHHIN SOTHY

ဓာတ်ပုံ ပုံစာ, သရဖူ တခု၊ နားတောင်းနဲ့ လက်ကြပ် ရင်စည်းတွေ ပါ

ဒီပစ္စည်းတွေဟာ ကမ္ဘောဒီးယားနဲ့ ထိုင်း၊ လာအို စတဲ့ နိုင်ငံတွေကို ၉ ရာစုက ၁၅ ရာစုထိ အုပ်စိုးခဲ့တဲ့ ခမာဘုရင်တွေ ခေတ်က လက်ဝတ်ရတနာတွေလို့ ယူဆကြပါတယ်။

အခု ပြန်ရတဲ့ ရတနာတွေကို ဖနွမ်းပင် မြို့တော်က အမျိုးသား ပြတိုက်မှာ အထူးကာကွယ် ပြုလုပ်ထားတဲ့ မှန်တွေနဲ့ ကာပြီး ပြသမှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, အိန်ဂျလီနာ ဂျိုလီ နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း
khmer

ဓာတ်ပုံ ရင်းမြစ်, MAK REMISSA

ဓာတ်ပုံ ပုံစာ, အမျိုးသား ပြတိုက်ကို အခမ်းအနားနဲ့ ဆောင်ကြဉ်း

ဒီပစ္စည်းတွေ အစစ် ဟုတ်မဟုတ် ကျွမ်းကျင်သူတွေနဲ့ တနှစ် အချိန်ယူ စစ်ဆေးခဲ့ရပါတယ်။

ဒီရတနာတွေ ပြန်သယ်ဆောင်လာတာကို လေဆိပ်မှာ လုံခြုံရေး အစောင့်အကျပ်တွေနဲ့ ကြိုဆိုခဲ့ပြီး လူရာချီ ကြည့်ရှုခဲ့ကြပါတယ်။

အနောက်တိုင်း ပြတိုက်တွေနဲ့ ပုဂ္ဂလိက စုဆောင်းသူတွေ လက်ထဲက နိုင်ငံရဲ့ ပျောက်ဆုံး နေတဲ့ အနုပညာ အမွေအနှစ်တွေကို ဒီနှစ်ပိုင်းတွေ အတွင်း ကမ္ဘောဒီးယားက ပြန်ပြီး ရယူနိုင်ခဲ့ ပါတယ်။

khmer

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကမ္ဘာကျော် အန်ကောဝပ် ကျောင်းတော်

မနှစ်ကလည်း အမေရိကန် ပြတိုက် တခုကနေ ၁ဝ ရာစု လက်ရာ သဲကျောက်နဲ့ ထုထားတဲ့ ရာမ နတ်ရုပ်ကြီးကို ခေါင်းနဲ့ ခြေလက် အပြည့်အစုံ မပါဘဲ ပြန်ရခဲ့ပါတယ်။

၂ဝ၁၅ တုန်းကလည်း ဟာနုမာန် မျောက်ရုပ်တု ကို အမေရိကန်က ကလိဗလန်း အနုပညာ ပြတိုက်က ပြန်ပေးပါတယ်။

khmer

ဓာတ်ပုံ ရင်းမြစ်, TANG CHHIN SOTHY

ဓာတ်ပုံ ပုံစာ, ခမာဘုရင်တွေ ခေတ်က လက်ဝတ်ရတနာတွေ