ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုသမ္မတကို ဖြုတ်ချဖို့နှောင့်နှေးမှာမဟုတ် - သမ္မတမူဂါဘီပြော
ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီက သူ့အနေနဲ့ ဒုသမ္မတ အီမဆန် အမ်နန်ဂတ်ဂွာ ကို ရာထူးကဖြုတ်ချဖို့ရာ နှောင့်နှေးတွေဝေနေမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဘူးလဝေးယိုးမြို့မှာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ မစ္စတာ အမ်နန် ဂတ်ဂွာအနေနဲ့ သူ့ကိုယ်ပိုင်ပါတီထူထောင်နိုင်တယ်လို့ မစ္စတာမူဂါဘီက ပြောကြားလိုက်ပြီး သူ့ကိုထောက်ခံသူတွေ အဲဒီပါတီကို ဝင်နိုင်တယ်လို့ဆိုလိုက်ပါတယ်။
မစ္စတာ အမ်နန် ဂတ်ဂွာကို တရားရေးဝန်ကြီးအဖြစ်ကလည်း ပြီးခဲ့တဲ့ လကပဲ ထုတ်ပယ်ခဲ့ပါတယ်။
မစ္စတာအမ်နန် ဂတ်ဂွာဟာ သမ္မတကတော် ဂရေ့စ် မူဂါဘီနဲ့ ပြဿနာဖြစ်ပွားခဲ့ပါတယ်။
သမ္မတကတော် ဂရေ့စ်မူဂါဘီက မစ္စတာအမ်နန် ဂတ်ဂွာကို ရေခဲမုန့်ထဲမှာ အဆိပ်ခပ်သတ်ဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ သမ္မတကတော်က ငြင်းဆန်ပါတယ်။
သမ္မတကတော် ဂရေ့စ်ရော မစ္စတာ အမ်နန် ဂတ်ဂွာရောဟာ အသက် ၉၃ နှစ်ရှိ မစ္စတာမူဂါဘီရဲ့ အရိုက်အရာကို ဆက်ခံဖို့ အလားအလာရှိကြသူတွေဖြစ်ကြပါတယ်။