ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးမိ
အောက်တိုဘာလ ၁၅ ရက် ညပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်ကို လိုက်ပါစီးနင်းမယ့် လေကြောင်း ခရီးသည်များဖြစ်သည် ဦးဖြိုးကိုကိုတင့်ဆန်း နဲ့ အပေါင်းပါ နှစ်ယောက် တို့ရဲ့ ခရီးဆောင်အိတ်တွေကို X Ray စက်နဲ့ စစ်ဆေးစဉ် မသင်္ကာဖွယ် တွေ့ရတာကြောင့် ရှာဖွေ စစ်ဆေးရာက လက်နက်တွေ မိတာ ဖြစ်တယ်လို့ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် က အတည်ပြု ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ ခရီးသည်တွေဟာ ကိုယ်တိုင် မူးယစ်ဆေး သုံးစွဲထားပုံရပြီး သူတို့ဆီကနေ မူးယစ်ဆေးတွေကိုလည်း ဖမ်းဆီးရမိတာကြောင့် အခုအခါ သူတို့ကို ဆေးစစ်မှုတွေ ပြုလုပ်နေသလို ဖမ်းဆီးရမိတဲ့ လက်နက်တွေနဲ့ ပတ်သက်လို့ အသေးစိတ် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
အခုအခါ သူတို့ဆီက လက်နက် နဲ့ မူးယစ်ဆေး တဆက်တည်း တွဲမိခဲ့တာကြောင့် ပြဌာန်း ဥပဒေ ပုဒ်မ ၂၂ ခ နဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ရဲမှူးကြီးက ဆိုပါတယ်။