သီရိလင်္ကာ ဘုန်းတော်ကြီး ရဲဖမ်း

သီရိလင်္ကာ နိုင်ငံ ကိုလံဘို မြို့တော်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေတဲ့ အိမ်ကို ဝင်ပြီး ရမ်းကားခဲ့တဲ့ အုပ်စု ခေါင်းဆောင် ဘုန်းတော်ကြီး တပါးကို ရဲက ဖမ်းလိုက်ပါတယ်။

ဒီဘုန်းကြီးနဲ့အတူ တခြား ၆ ယောက်ကိုလည်း ဖမ်းပြီး ရမန်ယူထားပါတယ်။

ကုလသမဂ္ဂ ပေးထားတဲ့ အိမ်မှာ နေတဲ့ ဒီဒုက္ခသည်တွေကို ရဲက ဘေးကင်းရာ ခေါ်သွားခဲ့ရပါတယ်။

ဒီဒုက္ခသည်တွေကို သီရိလင်္ကာ ရေတပ်က ဧပြီလက ပင်လယ်က ကယ်ဆယ်ခဲ့တာ ပါ။

ဒီလို တိုက်ခိုက်မှုကို ရှက်စရာ ကောင်းတယ်လို့ သီရိလင်္ကာ အစိုးရ က ရှုတ်ချ ခဲ့ပါတယ်။