ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လန်ဒန်မြေအောက်ရထား ပေါက်ကွဲမှုကြောင့် လူအများ ထိတ်လန့်
လန်ဒန်မြို့ အနောက်တောင်ပိုင်း အရပ်မှာ လန်ဒန် မြေအောက် ရထား တစ်စင်းပေါ် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ခရီးသည် တချို့ ဒဏ်ရာ ရသွားပါတယ်။
ဖူလ်ဟမ်အရပ်က ပါဆင်ဂရင်း ဘူတာရုံကနေ ရဲတပ်ဖွဲ့နဲ့ အရေးပေါ် ဌာနတွေဆီ သောကြာနေ့ မနက်ပိုင်း ၈ နာရီ ၂ဝ မှာ အကြောင်းကြား လာခဲ့ပါတယ်။
လူမှုကွန်ရက်တွေပေါ် ရောက်လာတဲ့ ဓာတ်ပုံတွေ အရ အဖြူရောင် ပုံးတစ်ခုထဲ မီးလောင်နေပြီး၊ အဲဒီပုံးထဲ ကုန်တိုက်တစ်ခုက စျေးဝယ်ရင် ထုပ်ပိုးပေးတဲ့ အိတ်ကိုလည်း တွေ့ရပါတယ်။
ဓာတ်ပုံထဲမှာတော့ ရထားတွဲထဲ ဆိုးဆိုးရွားရွား မီးလောင်ထားတဲ့ ပုံမျိုး မတွေ့ရပါဘူး။ ပေါက်ကွဲမှု ကြောင့် ထိခိုက် ဒဏ်ရာ ရသူ ၂၂ ဉီး ရှိပြီး သူတို့ကို ဆေးရုံ တင်ပို့ကုသ ထားရပါတယ်။
လူအများစု က မီးလောင် ဒဏ်ရာ တွေ ရရှိခဲ့ကြတာ ဖြစ်ပြီး ပါဆင်ဂရင်း ဘူတာမှာ ရှင်းလင်း ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။
အဲဒီ ဘူတာရုံမှာ အလုပ်ကိုအလာ ရှိနေခဲ့တဲ့ ဘီဘီစီ သတင်းထောက် တစ်ယောက်ရဲ့ အဆိုအရ ရထားပေါ် ပေါက်ကွဲတယ် ဆိုတဲ့ သတင်းကို ကြားလို့ ခရီးသွားတွေဟာ အလုအယက် ထွက်ပြေး ခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိ အချိန်မှာ တော့ ပါဆင် ဂရင်း ဘူတာရုံ ကို ပိတ်ထားရပြီး အကြမ်းဖက် မှု နဲ့ ဆက်နွယ်တဲ့ တိုက်ခိုက်မှု အဖြစ် စုံစမ်း နေတယ်လို့ လန်ဒန် ရဲတပ်ဖွဲ့ က ပြောပါတယ်။