ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယား ဒုံးကျည် အောင်မြင်တဲ့ အပေါ် အမေရိကန် စိုးရိမ်မှု တိုးမြင့်လာ
ကမ္ဘာ့ တိုက်ကြီး တစ်ခုကနေ တစ်ခုကို ပစ်နိုင်စွမ်းတဲ့ ဒုံးကျည်ကို မြောက်ကိုရီးယားက အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ အပြီး မှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ အမေရိကန်က တောင်းဆို လိုက်ပါတယ်။
သမ္မတထရမ့် အစိုးရအတွင်း ထိပ်တန်း လုံခြုံရေးနဲ့ သံတမန်ရေး ဆိုင်ရာ အရာရှိတွေ ဝါရှင်တန်မြို့တော့မှာ တွေ့ဆုံ ခဲ့ကြပြီး တဲ့နောက် အခုလို တောင်းဆို လာတာပါ။
မြောက်ကိုရီးယား အောင်မြင်ခဲ့တဲ့ ဒုံးကျည် စမ်းသပ်မှုကို ကြည့်ရင် သူတို့ အနေနဲ့ အမေရိကန် အလက်စကာ ပြည်နယ်ထိ ရောက်အောင် ပစ်ခတ် နိုင်တဲ့ ဒုံးကျည်မျိုး ရှိနေပြီ ဖြစ်ပါတယ်။
အစောပိုင်း တုန်းကလည်း မြောက်ကိုရီးယား နိုင်ငံ အနေနဲ့ နျူကလီယာ အစီအစဉ်ကို ဆက်မလုပ်ပဲ ရပ်တန့်လိုက်ဖို့ တရုတ်နဲ့ရုရှား နှစ်နိုင်ငံက ပူးတွဲ တောင်းဆို ခဲ့ပါတယ်။
ဒါ့အပြင်၊ အမေရိကန်နဲ့ တောင်ကိုရီးယား တို့ ဘက်ကလည်း ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း လုပ်တာ ဆိုင်းငံ့ ထားဖို့ တရုတ်နဲ့ရုရှားတို့က ပြောနေပါတယ်။
မြောက်ကိုရီးယားကို အလုံးစုံ ပျက်သုဉ်းအောင် ဖျက်စီးပစ်မယ် ဆိုပြီး တောင်ကိုရီးယား စစ်တပ်ကတော့ စကားလုံး ကြမ်းကြမ်းတမ်းတမ်း သုံးစွဲပြီး ပြောနေပါတယ်။