ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် လိင်တူချစ်သူ အမျိုးသား လျော်ကြေးရ
တရုတ် ပြည် အလယ်ပိုင်းက စိတ်ကျန်းမာရေး ဆေးရုံတခုက လိင်တူချစ်သူ အမျိုးသား တယောက်ကို လိင်စိတ်ပြောင်းလဲအောင် အတင်းအကျပ် ကုသခဲ့လို့ အမျိုးသားက တရားစွဲရာမှာ လျော်ကြေး ပေးခဲ့ရပါတယ်။
ဒါဟာ တရုတ်ပြည်မှာ ပထမဆုံး ဖြစ်တဲ့ အမှုပါ။
သတင်းစာမှာ ယု ဆိုတဲ့ အမျိုးသားကို တောင်းပန်ကြောင်း ကြော်ငြာထည့်ဖို့ နဲ့ နစ်နာကြေးအဖြစ် ဒေါ်လာ ၇ဝဝ ကျော် ပေးဖို့ ဟီနန် ပြည်နယ် တရားရုံး တခုက ဆေးရုံကို အမိန့်ချ ခဲ့ပါတယ်။
မစ္စတာ ယုကို သူ့ဇနီးနဲ့ ဆွေမျိုးတွေက ဆေးရုံတင်ခဲ့တာ ဖြစ်ပြီး သူ့မှာ လိင်စိတ်ဆန္ဒ မှားယွင်းတဲ့ ရောဂါ ရှိတယ်ဆိုပြီး ဆေးရုံက ကုသပေးခဲ့ပါတယ်။
အဲဒီနောက် သူ့ကို သောက်ဆေး ထိုးဆေးတွေ အတင်းပေးပြီး ၃ ပတ်လောက် ပြန်လွှတ်မပေးမချင်း ကုသခဲ့ပါတယ်။
ဘာဒုက္ခမှ မပေးနိုင်ဘဲနဲ့ သူ့ကို စိတ်ဆေးရုံ အတင်းတက်ခိုင်းတာလို့လည်း တရားရုံးက ဆိုပါတယ်။
တရုတ်ပြည်မှာ ၂ဝဝ၁ ခုနှစ်လောက်ထိ လိင်တူ စုံမက်မှုကို စိတ်ရောဂါအဖြစ် သတ်မှတ်ခဲ့သလို ခုထိလည်း ခွဲခြား ဆက်ဆံမှုတွေ ရှိပါသေးတယ်။