ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငလျင်ဒဏ် အကြီးအကျယ် ခံထားရသလို မိုဆိုးလ်မြို့ကြီး ပျက်စီးနေ
အီရတ် နိုင်ငံ မိုဆိုးလ်မြို့မှာ တိုက်ပွဲတွေ ဘယ်လောက် ပြင်းထန် ခဲ့သလဲ ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း သိလာ ရပါတယ်။
အီရတ်နိုင်ငံထဲက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင် တွေဟာ မိုဆိုးလ်ကို သူတို့ရဲ့ နောက်ဆုံး ခံတပ် အဖြစ် အီရတ် အစိုးရ တပ်တွေကို အသည်းအသန် ခုခံ ခဲ့ပါတယ်။
ငလျင် အကြီးအကျယ် လှုပ်ပြီး ပျက်စီးသွားတဲ့ မြို့ပျက်ကြီးလို ဖြစ်နေတယ်လို့ မိုဆိုးလ်မြို့ လမ်းတွေပေါ် လှည့်လည် ကြည့်ရှုခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အိမ်တွေ ပြိုကျ ပျက်စီးနေပြီး ၊ မိုဆိုးလ် မြို့ဟောင်းပိုင်းမှာ လေထုထဲ လူသေနံ့တွေ ပြည့်နေတယ်လို့ ဆိုပါတယ်။
မိုးဆိုးလ် မြို့သိမ်းစစ် ဆင်နွှဲနေတဲ့ အီရတ် အစိုးရတပ်တွေ ထိုးဖောက် လာနိုင်ပေမယ့် IS တွေဟာ နေရာ တချို့မှာ ဆက်လက် ခုခံ နေဆဲ ဖြစ်ပါတယ်။