ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှား အတိုက်အခံ ခေါင်းဆောင် ထိန်းသိမ်းခံရ
ရုရှား အတိုက်အခံခေါင်းဆောင် အလက်ဆီ နေဗယ်လ်နီဟာ နိုင်ငံတလွှား ကျင်းပတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲကို သွားဖို့ အိမ်က အတွက်မှာ ရဲက သူ့ကို ဖမ်းဆီး ထိန်းသိမ်းတာ ခံခဲ့ရပါတယ်။
မော်စကို မြို့လယ်မှာ စုရုံးခဲ့တဲ့ ထောင်နဲ့ ချီတဲ့ သူ့ထောက်ခံသူတွေက သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
သူတို့ဟာ ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြခဲ့တာ ဖြစ်ပြီး လုံခြုံရေး အဖွဲ့ အကြီးအကဲကတော့ ဒီဆန္ဒပြမှုဟာ အာဏာဖီဆန်တာဘဲလို့ ဆိုပါတယ်။
အဓိကရုန်းရဲတွေရဲ့ လက်ချက်နဲ့ ဆန္ဒပြသမား တရာလောက် ဖမ်းဆီး ခံခဲ့ရပြီး စိန့်ပီတာ စဘတ်မြို့မှာလည်း ဆန္ဒပြသမားတွေ စုရုံးခဲ့ကြပါတယ်။
နိုင်ငံအရှေ့ပိုင်းက မြို့တွေမှာလည်း ဆန္ဒပြ မှု ဖြစ်ခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းခံရတာတွေလည်း ရှိခဲ့ပါတယ်။