ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယား မစ်ဆိုင်းစမ်းသပ်မှုကို လုံခြုံရေး ကောင်စီ ရှုတ်ချ
မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးစမ်းသပ်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက ထောက်ခံခဲ့သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးကလည်း တညီတညွတ်တည်း ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ဒေသတွင်း မတည်မငြိမ် ဖြစ်အောင် လုပ်ခဲ့မှုအတွက် မြောက်ကိုရီးယားအပေါ် ပိုတင်းကြပ်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ သံဓိဌာန် ချထားကြတယ်လို့ ဖေါ်ပြထားပါတယ်။
မြောက်ကိုရီးယားအစိုးရက နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်စွမ်း ရှိတဲ့ တာလတ်ကနေ တာဝေးပစ် ရော့ကက်ဒုံးအမျိုးအစားသစ်တခုကို တနင်္ဂနွေနေ့က သူတို့ အောင်မြင်စွာ ပစ်လွှတ်လိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန် အစိုးရက မြောက်ကိုရီးယားဟာ ပြောင်ပြောင်တင်းတင်း ကျူးလွန်တဲ့ အန္တရာယ်နိုင်ငံတခု ဖြစ်ကြောင်းနဲ့ ဒီစမ်းသပ် ပစ်လွှတ်မှုကို တုန့်ပြန်တဲ့အနေနဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။