ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိုဆူးလ်မြို့မှာ ပိတ်မိနေသူတွေအတွက် အီရတ် အစိုးရတပ်တွေ လမ်းဖွင့်ပေး
အီရတ်နိုင်ငံမှာ IS အစ္စလာမစ်နိုင်ငံအဖွဲ့ လက်နက်ကိုင်တွေ အခိုင်အမာ တပ်စွဲထားရာ နောက်ဆုံးမြို့ဖြစ်တဲ့ မိုဆူးလ်မြို့ရဲ့ အနောက်ပိုင်းကနေ IS တွေကို တိုက်ထုတ်နေစဉ် အရပ်သားတွေ ထွက်ပြေးနိုင်အောင် ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းတွေကို အီရတ် တပ်ဖွဲ့တွေက ဖွင့်ပေးလိုက်ပါတယ်။
The Old City မြို့ဟောင်းကို ပြန်သိမ်းပိုက်နိုင်ဖို့ အီရတ်အစိုးရက ထိုးစစ်ဆင်မှုကြီးတွေ မစခင် အဲဒီနေရာကနေ လူတွေ ထွက်ခွာနိုင်အောင် လမ်းကြောင်းတွေ ဖွင့်ပေးခဲ့တာလို့ အီရတ် ထိပ်တန်း တပ်မှူးတဦးက ပြောပါတယ်။
မိုဆူးလ်မြို့ရဲ့ တဝက်လောက်မှာ အရပ်သား ၄သိန်းလောက် ပိတ်မိနေကြတယ်လို့ ခန့်မှန်းရပါတယ်။
အမေရိကန် ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်း အကူအညီနဲ့ အီရတ် အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နေစဉ်အတွင်း အရပ်သား အများအပြား သေကြေထိခိုက်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။