ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေ ပါလီမန်ရှေ့ သေနတ် ပစ်ခတ်မှုတွေ ဖြစ်ပေါ်
လန်ဒန်မြို့လယ် ပါလီမန် အဆောက်အဦကြီး အနီး သေနတ် ပစ်ခတ်မှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။
ကျယ်လောင်တဲ့ ယာဉ်တိုက်သံတွေ ကြားလိုက်ရတယ် ဆိုပြီး ပါလီမန်ထဲ ရှိနေတဲ့ အမတ်တွေ၊ စာနယ်ဇင်းသမားတွေက လူမှုကွန်ရက် တွစ်တာ စာမျက်နှာ တွေပေါ် ရေးသား လာကြပါတယ်။
ဓားကိုင်ထားတဲ့ လူတစ်ယောက် မြေကြီးပေါ် လဲကျနေတာနဲ့ ဒဏ်ရာရ ထားသူ တချို့ကို ပြုစု ကုသ ပေးနေရတာတွေကို မျက်မြင် တွေ့ခဲ့ ကြရသူတွေလည်း ရှိနေပါတယ်။
ပါလီမန် ထဲက သူတွေကို အဆောက်အဦ အပြင်ဘက် မထွက်ဖို့ သတိပေး ထားပါတယ်။
သေနတ်သံ ၄-၅ ချက် ကြားလိုက်ရတယ် ဆိုပြီး ပြောကြတဲ့ ပါလီမန် အမတ်တချို့ ရှိနေတယ် လို့ ဘီဘီစီ သတင်းထောက် လော်ရာ ကွန်ဆင်းဘတ်ဂ်က ပြောပါတယ်။
ရဲ အရာရှိ တစ်ယောက် ဓားနဲ့ အတိုက်အခိုက် ခံလိုက်ရတယ် ဆိုတဲ့ နောက်ဆုံး သတင်းတွေ ရထားပါတယ်။