ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချစ်သူများနေ့မှာ ပြန်မင်္ဂလာဆောင်တဲ့ ကင်ညာစုံတွဲ
ကင်ညာမှာ တဒေါ်လာ အကုန်ခံပြီး မင်္ဂလာဆောင်တဲ့ စုံတွဲကို လူတွေက ချစ်သူများနေ့မှာ ပြန် မင်္ဂလာဆောင်ဖို့ ငွေထုတ်ပေးခဲ့ကြပါတယ်။
အရင်လက သူတို့ရဲ့ ဘက်ဂျက်ကိုက်တဲ့ မင်္ဂလာဆောင် သတင်းကြောင့် လူမှု ကွန်ယက်တွေမှာ ပေါက်သွားပြီး ကင်ညာ ကလူတွေက သူတို့အတွက် ကူညီဖို့ ကမ်းလှမ်းကြပါတယ်။
ပထမ မင်္ဂလာပွဲမှာ ဝီလ်ဆင်နဲ့ အန်း မူတူရာ တို့က တီရှပ်နဲ့ ဂျင်းဘောင်းဘီတွေ ဝတ်ပြီး လက်ထပ် လက်စွပ်အဖြစ် စတီးကွင်းလေးတွေ စွပ်ခဲ့ကြပါတယ်။
အခု နိုင်ရိုဘီ မြို့တော်က ထိပ်တန်း ခန်းမ တခုမှာ သူတို့ ပြန်လက်ထပ်ဖို့ ကုန်ကျငွေက ဒေါ်လာ ၃ သောင်းခွဲလောက် ရှိပါတယ်။
ဒီစုံတွဲကို ငွေကြေးအရ ထောက်ပံ့မယ့်အစား ဘာကြောင့် ငွေတွေ အကုန်ခံပြီး မင်္ဂလာဆောင်ပေးရတာလဲ မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။
သူတို့ကို ငွေကြေးအရ ကူညီသူတွေ ရှိပြီးသားမို့ ပိုပြီး လွမ်းမောအမှတ်ရစရာ ဖြစ်အောင် ဒီပွဲ လုပ်ပေးတာလို့ ပွဲစီစဉ်ပေးတဲ့ ကုမ္ပဏီ ဘက်က ဆိုပါတယ်။
သူတို့အတွက် လယ်တကွက်၊ မင်္ဂလာဦး ခရီးစဉ်နဲ့ စီပွားရေး တခု ထူထောင်ဖို့ ငွေကြေးတွေ ထုတ်ပေးပြီးသား လို့လည်း သိရပါတယ်။