ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စီအိုင်အေ ညွှန်ချုပ်သစ် ရဲ့ တူရကီ ခရီးစဉ်
အမေရိကန်မှာ သမ္မတ ဒေါ်နယ်ထရမ့် အသစ်ခန့်လိုက်တဲ့ စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူးသစ် မိုက်ခ် ပွန်ပေယို ဟာ တူရကီ နိုင်ငံကို ရောက်လာတော့မှာ ဖြစ်ပါတယ်။
ဒါဟာ အမေရိကန်ဟာ သမ္မတ ထရမ့် တက်လာပြီး နောက်ပိုင်း စီအိုင်အေ ထိပ်တန်း အရာရှိ တယောက်ရဲ့ ပထမဆုံး နိုင်ငံခြားခရီး ဖြစ်ပါတယ်။
အခု ခရီးစဉ် အတွင်း ဆီးရီးယားပဋိပက္ခကို အဓိက ဆွေးနွေးကြလိမ့်မယ်လို့ ယူဆရပါတယ်။
သမ္မတထရမ့်က ဆီးရီးယားနိုင်ငံတွင်းမှာ ဘေးကင်းဇုံတွေ တည်ထောင်ဖို့ အဆိုပြုထားတာကို တူရကီကထောက်ခံထားပါတယ်။
တူရကီဖက်ကတော့ ဆီးရီးယားမှာ အိုင်အက်စ်တွေကို တိုက်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေကိုအမေရိကန်ထောက်ခံမှုမပေးဖို့တိုက်တွန်းမယ်လို့ မျှော်လင့် ရပါတယ်။
နောက်တစ်ခါ ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းဖို့ကြိုးစားမှုကိုနောက်ကွယ်က စီစဉ်ခဲ့တယ်လို့ တူရကီကစွပ်စွဲထားတဲ့ တရားဟောဆရာ ဖက်တူလာဂူလမ်ကိုလည်း တူရကီကို ပြန်လွဲပေးဖို့ တောင်းဆိုမယ်လို့ ယူဆရပါတယ်။