ထိုင်းဘုရင်စော်ကားမှု ဆန့်ကျင်တဲ့ဥပဒေ ကုလရှုတ်ချ

ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုတွေအပေါ် စော်ကားမှုကို ဆန့်ကျင်တဲ့ ဥပဒေ သုံးစွဲမှုကို ကုလ သမဂ္ဂက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

နိုင်ငံအတွက် တာဝန်ခံရတဲ့နေရာမှာ ရှိသူ ဘယ်သူမဆို ဝေဖန်ထောက်ပြမှုတွေကနေ ကင်းလွတ်ခွင့် ရမနေသင့်ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

ထိုင်းဘုရင်သစ် လက်ထက်မှာ တော်ဝင်မိသားစုကို အသရေဖျက်မှုနဲ့ ပထမဆုံး တရားစွဲဖို့ ထိုင်းနိုင်ငံက ပြင်ဆင်နေချိန်မှာ ကုလသမဂ္ဂရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆိုင်ရာ အထူး သံတမန် David Kaye ရဲ့ အခုမှတ်ချက် ပေါ်ထွက်လာတာဖြစ်ပါတယ်။

ထိုင်းဘုရင် မဟာ ဝိဂျယာလောင်ကွန်း အကြောင်း လူမှု ကွန်ရက်မှာ ဖြန့်ဝေခဲ့တဲ့ ထိုင်းနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားသူ Jatupat Boonpatararaksa ကို အသရေဖျက်မှုနဲ့ ဖမ်းဆီး ထားပါတယ်။

ဒီဥပဒေတွေ သုံးပြီး နိုင်ငံရေး ဝေဖန်သူတွေကို နှိပ်ကွပ်ဖို့ သုံးနေတယ်လို့ မစ္စတာ Kaye က ဆိုပါတယ်။