ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘေဂျင်း တရုတ်နှစ်ကူးကို မျက်နှာဖုံးတပ် ကြိုဆိုနေရ
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လေထုညစ်ညမ်းမှု လျှော့ချဖို့ ကြိုးစားနေပေမယ့်လည်း မြို့တွင်း မြူဖုံးလွှမ်းမှု ဆက်ရှိနေပါတယ်။
တရုတ်နှစ်သစ်ကူးကာလမှာ မီးရူးမီးပန်းအရောင်းဆိုင် အရေအတွက် လျှော့ချပြီး လေထုညစ်ညမ်းမှုနည်းအောင် တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် အခုလို အခြေအနေ မကောင်းသေးတာ ဖြစ်ပါတယ်။
မြို့ရဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဗျူရိုကလည်း မြို့ရဲ့ လေထုဟာ ဒုတိယ အညစ်ညမ်းဆုံး စံချိန် ပြန်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြို့ပေါ်က သွားလာသူတွေဟာလည်း နှစ်သစ်ကူးကာလကို နှာခေါင်းကာ မျက်နှာဖုံးတွေနဲ့ သွားလာနေရပြီး အာဏာပိုင်တွေဘက်လည်း မီးရှူးမီးပန်းမပေါက်ကြဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။