ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန် ဘုရင် နန်းစွန့်ရေး အစီအစဉ် ဝန်ကြီးချုပ်တင်ပြ
အသက် အရွယ် ကြီးရင့်နေပြီ ဖြစ်တဲ့ ဂျပန် ဘုရင် အာကီဟီတို နောက်နှစ်ထဲမှာ နန်းစွန့်ရေး အစီအစဉ်ကို ဝန်ကြီးချုပ် ရှင်ဇို အာဘေးက တင်ပြ လိုက်ပါပြီ။
အစိုးရ အရေး ကျွမ်းကျင်သူတွေ ပါတဲ့ ကော်မတီက စီစဉ်တဲ့ ဒီ တင်ပြချက်တွေထဲ နန်းဆက်ခံရေး ဥပဒေကို တကြိမ်တခါ ပြင်ဆင်ဖို့ပါ ပါဝင်ပါတယ်။
သိပ် အသက်ကြီးပြီး တာဝန်တွေ မထမ်းဆောင်နိုင်တာတွေ ဖြစ်မလာခင်မှာ သားဖြစ်သူကို ထီးနန်း အရိုက်အရာ လွှဲအပ် ပေးချင်တယ်လို့ အသက် ၈၃ နှစ် ရှိပြီဖြစ်တဲ့ ဂျပန် ဘုရင် က မနှစ်က လူထုကို ပန်ကြား ခဲ့ပါတယ်။
ဘုရင် နန်းဆင်းနိုင်ဖို့ အတွက် ယာယီ ဥပဒေ မျိုး လွှတ်တော်ကို ပြဋ္ဌာန်းပေးဖို့ တောင်းဆို နိုင်တယ်၊ ဒါပေမဲ့ ဒီဥပဒေကို နောက်ဘုရင်တွေ လက်ထက်မှာ ကျင့်သုံးခွင့် ရှိနိုင်မှာ မဟုတ်ဘူးလို့လည်း တိုကျိုက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အာကီဟီတို နန်းစွန့်ရေး အတည် ဖြစ်လာရင်တော့ အနှစ် ၂ဝဝ အတွင်း ပထမဆုံး အကြိမ် နန်းစွန့်ပေးတဲ့ ဂျပန် ဘုရင် ဖြစ်လာနိုင်ပါတယ်။