ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်နယ်ထရမ့် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကြိုဆိုနေကြ
ရွေးကောက်ပွဲမှာ အနိုင် ရရှိထားတဲ့ သန်းကြွယ် သူဌေး ကြီး ဒေါ်နယ် ထရမ့် ဟာ သောကြာနေ့ ဒေသ စံတော်ချိန် နေ့လည်ပိုင်းမှာ အမေရိကန် နိုင်ငံ ၄၅ယောက်မြောက် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာ ဖြစ်ပါတယ်။
မြို့တော် ဝါရှင်တန် ဒီစီ မှာ ကျင်းပမယ့် ကျမ်းသစ္စာ ကျိန်ဆို ပွဲ အခမ်း အနားကို အမေရိကန် ပြည်သူ တသန်းလောက် လာရောက်ကြည့်ရှုကြမယ်လို့ မှန်းဆနေပါတယ်။
ဒေါ်နယ်ထရမ့် ကို ဂုဏ်ပြုတဲ့ အခမ်းအနား တွေကိုလည်း လင်ကွန်း အမှတ်တရ အဆောက်အအုံရှေ့မှာ ဒေသစံတော်ချိန် ကြာသပတေးနေ့ညနေပိုင်းမှာ ကျင်းပ ပြုလုပ်နေကြပါတယ်။
ဒေါ်နယ် ထရမ့် ဟာ ကျမ်းကျိန်ပွဲမှာ သူ့ ရဲ့ သဘောထား ခံယူချက် ကို သာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး နိုင်ငံရေး မူဝါဒ တွေပြောမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိသစ် ရှောင် စပိုက်စာ က ပြောပါတယ်။
ကွန်ကရက်လွှတ်တော်ကြီးရဲ့ရှေ့မှာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲရှိသလို ဂုဏ်ပြုဖျော်ဖြေပွဲတွေ နဲ့ သိပ်ကို စည်ကားမှာပါ။
အနုပညာရှင်တွေထဲက ဒီပွဲကိုမတက်ဘူးလို့ သပိတ်မှောက်တာတွေ ရှိပေမယ့် လူမဲ အဆိုကျော်ကြီး ဆမ်မိုး အပါအဝင် အနုပညာရှင်တွေ ဂုဏ်ပြုသီဆိုပေးကြဦးမှာပါ။
သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲ နောက်မှာ ၂၀၁၀တုန်းက American Got Talent အစီအစဉ် မှာ ဒုတိယချိတ်ခဲ့ပြီးတော့ အခု ၁၆နှစ်အရွယ် ဂျက်ကီ အီဗန်ချို တယောက်က နိုင်ငံတော် သီချင်း သီဆိုမှာပါ။
သမ္မတသစ် တာဝန်ယူ တဲ့နေ့အတွက် ပွဲတွေကို စီစဉ်တဲ့ ကော်မီတီ ဥက္ကဌ တွမ်ဘားရက် က ပျော့ပြောင်းပြီး ခံစားမှု ပိုကောင်းစရာ ဖြေဖျော်မှုတွေ တွေ့ရမယ်၊ ကဗျာလည်းဆန်မယ် လို့ ပြောသွားပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရလို့ တက်လာတဲ့ အမေရိကန် သမ္မတသစ် ကြိုပွဲ ကို ပြင်နေကြတဲ့သူတွေ ကတော့ အမေရိကန်မှာ လှုပ်ခတ်လို့နေနေပါပြီ။