ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်သမ္မတ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြော
တရုတ် သမ္မတ ရှီကျင်းပင် ဟာ ဆွစ်ဇာလန် နိုင်ငံ ဒါးဗို့စ် အပန်းဖြေ စခန်းမှာ ကျင်းပ နေတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ မိန့်ခွန်း ပြောကြား ခဲ့ပြီး ကမ္ဘာ ကြီးရင်ဆိုင် နေရတဲ့ ပြဿနာ တွေ အတွက် ကမ္ဘာ့လုံး ဆိုင်ရာ ကူးလူးဆက်ဆံမှု ကို အပြစ် မပုံချ သင့်ကြောင်း ပြောကြား ခဲ့ပါတယ်။
ဒါဟာ တရုတ် ခေါင်းဆောင် တစ်ယောက်က ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ ပထမဦးဆုံး မိန့်ခွန်း ပြောကြား ခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေ မညီမျှမှုတွေ၊ မတူညီ တဲ့ အစိုးရ စံနစ် တွေကို ညှိနှိုင်း ဖြေရှင်း ဖို့ အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက် ရမှာ ဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင်းပင် က မိန့်ခွန်း ထဲမှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
တရုတ်ပို့ကုန်တွေ ကြောင့် အမေရိကန် ကုန်ထုတ်လုပ်မှု ကျဆင်း နေတာ လို့ ဒေါ်နယ် ထရမ့် ပြောကြား ခဲ့မှု ဟာ လွတ်လပ်စွာ ကုန်သွယ်မှု ကို ထိပါး နေကြောင်း ကိုလည်း ကမ္ဘာ့ စီးပွားရေး ဖိုရမ် မှာ တရုတ် သမ္မတ ရှီကျင်းပင် က ခုခံ ကာကွယ် ပြောကြား သွား ခဲ့ပါတယ်။