ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းဖွဲ့စည်းပုံသစ် ပြောင်းဖို့ ဘုရင်တောင်းဆို
ထိုင်းနိုင်ငံ ဘုရင်သစ် မဟာဝချီရာ လောင်ကွန်းက ဒီနှစ်ကုန်ပိုင်းမှာ စတင်အသက်ဝင်မယ့် အခြေခံဥပဒေသစ်မှာ အပြောင်းအလဲတချို့လုပ်ဖို့ ပန်ကြားခဲ့ပါတယ်။
အဲသလို သူပြောင်းလဲချင်တဲ့ အပိုင်းတွေဟာ ပဒေသရာဇ် အာဏာနဲ့ ဆက်စပ်တဲ့ အပိုင်းတွေ ဖြစ်တယ်လို့ ထိုင်းစစ်အစိုးရက ပြောပါတယ်။
အခြေခံဥပဒေသစ်ကို ပြီးခဲ့တဲ့ နှစ်ထဲမှာ ဆန္ဒခံယူပွဲပြုလုပ် အတည်ပြုခဲ့တာဖြစ်ပြီး ဘုရင်က အတည်ပြု လက်မှတ် ရေးထိုးမှာကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်က လွန်ခဲ့တဲ့ ၃ နှစ်က အာဏာသိမ်းခဲ့တာ ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်လို့ ပြောထားပါတယ်။