ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပျော့ပျောင်းရေးမူ ခေါင်းဆောင် အီရန် သမ္မတဟောင်း ကွယ်လွန်
အီရန် သမ္မတဟောင်း အက္ကာဘာ ဟာရှမီ ရက်ဖ်ဆန်ဂျာနီ နှလုံးရောဂါ ကြောင့် အသက် ၈၂ နှစ် အရွယ်မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။
အယာတိုလ္လာ ရက်ဖ်ဆန်ဂျာနီ ဟာ ၁၉၈၉ ကနေ ၁၉၉၇ အထိ အီရန် သမ္မတ အဖြစ် တာဝန် ယူခဲ့ပြီး၊ နောက်ပိုင်း မှာလည်း အီရန် နိုင်ငံရေးထဲ ဩဇာကြီး လွှမ်းမိုးတဲ့ နေရာက ဆက်လက် ပါဝင် ခဲ့ပါတယ်။
အယာတိုလ္လာ ရက်ဖ်ဆန်ဂျာနီ အပေါ် သဘောထား တင်းမာသူ တစ်ဦး ထက်စာရင် လက်တွေ့ ကျတဲ့ နိုင်ငံရေး အပေါ် ပိုပြီး နှစ်သက် လိုလားသူ တစ်ယောက် အဖြစ် ရှုမြင် သုံးသပ် ကြပါတယ်။
အခု နောက်ပိုင်း နှစ်ကာလ တွေ မှာလည်း အီရန် နိုင်ငံမှာ ပိုပြီး သဘောထား ပျော့ပျောင်းတဲ့ နိုင်ငံရေး လမ်းကြောင်းကို သွားလိုတဲ့ အင်အားစု တွေရဲ့ ဦးစီးဦးဆောင် သဖွယ် ရှိခဲ့ပါတယ်။
အယာတိုလ္လာ ရက်ဖ်ဆန်ဂျာနီ ဟာ လက်ရှိ သမ္မတ ဟာဆန် ရူဟာနီကို အဓိက ကျောထော နောက်ခံပေး ထားသူ တစ်ယောက် ဖြစ်ပါတယ်။
အီရန်ရဲ့ အထွဋ်အထိပ် ခေါင်းဆောင် အယာတိုလ္လာ အလီ ခါမေနီက မစ္စတာ ရက်ဖ်ဆန်ဂျာနီနဲ့ သူနဲ့ကြား မတူတဲ့ သဘောထား အမြင်တွေ ရှိကြပေမယ့်၊ အီရန် တော်လှန်ရေးမှာ အပေါင်းအဖော် တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်မှာ လာမယ့် လေးလ အတွင်း သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပြီး၊ အဲဒီ ရွေးကောက်ပွဲ ရလဒ်ဟာ အီရန်ရဲ့ အနာဂတ် နိုင်ငံရေးကို ပုံဖော် သွားမှာ ဖြစ်တယ်လို့ သုံးသပ်သူ တွေက ဆိုပါတယ်။