ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါလက်စတိုင်းကို ပစ်ခတ်တဲ့ အစ္စရေးတပ်ကြပ်ကြီး အပြစ်ရှိ
ဒဏ်ရာရပြီး မြေပေါ်မှာ လဲနေတဲ့ ပါလက်စတိုင်း အမျိုးသား တယောက်ကို တပ်ကြပ်ကြီး အဲလော အဇာရီယာ က ပစ်ခတ်နေတဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့ပြီးနောက် အဲဒီ တပ်ကြပ်ကြီးဟာ လူသေစေမှုနဲ့ အပြစ်ရှိကြောင်း အစ္စရေး စစ်ခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။
လူသိရှင်ကြား ဖြစ်သွားခဲ့တဲ့ အခုလို ထူးခြားတဲ့ ကြားနာ စစ်ဆေးမှုကြောင့် အစ္စရေးလူမျိုးတွေကြားမှာ သဘောထားတွေ အမျိုးမျိုး ကွဲပြား ခဲ့ကြပါတယ်။
အမိန့်မချခင်က တရားရုံး ရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။
Abdul Fatah al-Sharif ဆိုတဲ့ ပါလက်စတိုင်းအမျိုးသားက အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ စစ်သား တယောက်ကို ဓားနဲ့ထိုးရာမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
တပ်ကြပ်ကြီး အဲလော အဇာရီယာ ကတော့ အဲဒီ ပါလက်စတိုင်းအမျိုးသားဟာ အသေခံ ဖောက်ခွဲရေး ခါးပတ်ကို ဖောက်ခွဲ ပစ်နိုင်တယ်လို့ သူ ယုံကြည်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ တရားလို ရှေ့နေတွေကတော့ ဒါဟာ လက်စားချေတဲ့ ပစ်ခတ်မှုလို့ ပြောပါတယ်။