ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝန်ကြီးချုပ် အာဘေး ဟာဝိုင်အီကျွန်းကို ရောက်ရှိ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုး အာဘေး အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်းကို ရောက်ရှိ လာပါတယ်။
ဒါဟာ ဒုတိယကမ္ဘာစစ် ထဲကို အမေရိကန် ဝင်ရောက်လာ စေခဲ့တဲ့ ဟာဝိုင်အီက ပုလဲဆိပ်ကမ်း ကို ဂျပန်က ဗုံးကြဲခဲ့တဲ့ ဖြစ်ရပ် နောက်ပိုင်း ၇၅ နှစ် အကြာမှာ ဂျပန် ဝန်ကြီးချုပ် အာဘေး ဟာဝိုင်အီကို ရောက်လာတာပါ။
၁၉၄၁ ခုနှစ် တုန်းက ပုလဲဆိပ်ကမ်း ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရလို့ သေဆုံး ခဲ့ကြရတဲ့ အမေရိကန် သင်္ဘောသားတွေ၊ ရေတပ်သား တွေ အတွက် အထိမ်းအမှတ် ဆောက်လုပ် ထားရာ နေရာကို သမ္မတ အိုဘားမား နဲ့ အတူ ဝန်ကြီးချုပ် အာဘေး သွားရောက်မှာ ဖြစ်ပါတယ်။
အမေရိကန်က ပထမဆုံး အနုမြူဗုံးချပြီး ဒုတိယ ကမ္ဘာစစ် အဆုံးသတ် စေခဲ့တဲ့ ဂျပန်မြို့ ဟီရိုရှီးမားကိုလည်း သမ္မတ အိုဘားမား ပြီးခဲ့တဲ့ မေလတုန်းက သွားရောက် ခဲ့ပါတယ်။
အတိတ်ကာလက စစ်ပွဲတွေ အတွင်း ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကို ဂျပန်တို့ အနေနဲ့ ဘယ်တော့မှ တကျော့ ပြန်လည် လုပ်ဆောင်မှာ မဟုတ်ဘူး ဆိုတာ ပြသဖို့ ဟာဝိုင်အီကို သွားရတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အာဘေးက ပြောထားပါတယ်။