ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်ဝမ်မှာ တရားဝင်လိင်တူထိန်းမြားခွင့် ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ ဆန္ဒပြ
ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့တော်မှာ တရားဝင် လိင်တူ ထိန်းမြားခွင့် ဥပဒေကြမ်းတင်မယ့် အစီအစဉ်ကို ကန့်ကွက်သူတွေက ထောက်ခံသူတွေနဲ့ အပြိုင် ပါလီမန်ရှေ့မှာ ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ပါလီမန်ထဲကိုလည်း ဝင်ဖို့လည်း ကြိုးစားခဲ့ကြတဲ့အတွက် ရဲတွေနဲ့ ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။
ဒီ ဥပဒေသာ အတည်ဖြစ်သွားခဲ့ရင် ထိုင်ဝမ်နိုင်ငံဟာ အာရှမှာ တရားဝင် လိင်တူ ထိန်းမြားခွင့် ပထမဆုံးပေးတဲ့ နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံး ထိုင်ဝမ်လူထုအတွင်း သဘောထား ကောက်ခံမှုတွေမှာတော့ ၆၀ရာခိုင်နှုန်းလောက်က ဒီဥပဒေကို သဘောမတူကြတာကို တွေ့ရပါတယ်။