ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်တရုတ် ပင်လယ် တရုတ်ကျွန်းတုတွေမှာ လက်နက်တွေတွေ့
အသစ်ထွက်လာတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေ အရ တောင်တရုတ် ပင်လယ်မှာ တရုတ် နိုင်ငံက တည်ဆောက်ထားတဲ့ ကျွန်းတု ၇ ခုလုံးမှာ လက်နက်တွေ တပ်ဆင်ထားကြောင်း တွေ့ရပါတယ်။
ကုန်သွယ်ရေး လမ်းကြောင်းပေါ်က အငြင်းပွားနေတဲ့ ပင်လယ်ပြင်မှာ တည်ဆောက်ထားတဲ့ ဒီကျွန်းတွေမှာ စစ်ရေး လှုပ်ရှားမှုတွေ လုပ်မှာ မဟုတ်ဘူးလို့ တရုတ် အစိုးရက အကြိမ်ကြိမ် အခါခါ ကတိပေးခဲ့ပါတယ်။
ဒါပေမဲ့ ဝါရှင်တန်မှာ ရှိတဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ထုတ်ပြန်တဲ့ ကောင်းကင် ဓာတ်ပုံတွေအရ ဒီကျွန်းတွေပေါ်မှာ ၆ ထောင့်ပုံ ကွန်ကရစ် စင်္ကြန်တွေနဲ့ တည်ဆောက်ထားတဲ့ ပုံစံတူ အဆောက်အအုံတွေကို တွေ့ခဲ့ရပါတယ်။
ဒီနေရာတွေမှာ စမ်းသပ်မယ့် လက်နက်တွေ ထားဖို့နဲ့ လေယာဉ်ပစ်နဲ့ ခရုစ် ဒုံးကျည်တွေ ဖျက်ဆီးဖို့ သုံးတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။