ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားအားကစားသမားတွေ တားမြစ်ဆေးသုံးခဲ့
ရုရှားနိုင်ငံက အားကစားသမား တစ်ထောင်ကျော်ဟာ တားမြစ်ဆေးတွေကို နှစ်အတော်ကြာ စနစ်တကျအသုံးပြုခဲ့ပြီး ဒါကို ဖုံးကွယ်ထားခဲ့တယ်လို့ ရုရှားအားကစားသမားတွေအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။
၂၀၁၂ အိုလံပစ်မှာလည်း ရုရှားအားကစားသမားတွေ တားမြစ်ဆေးသုံးခဲ့တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ တားမြစ်ဆေးမသုံးစွဲရေး နိုင်ငံတကာ အေဂျင်စီအကြီးအကဲလည်းဖြစ် အခုစုံစမ်းစစ်ဆေးမှုကိုလည်း ဦးဆောင်တဲ့ ရစ်ချက် မက္ကလာရင်က ပြောပါတယ်။
အားကစားသမားတွေကို တားမြစ်ဆေးပါတဲ့ ကော့တေး ဖျော်ရည်ကို သောက်ခိုင်းပြီး ဒီဖျော်ရည်ကို သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်တွေ မမိအောင် ရုရှားကနေ မဟာဗျူဟာကျကျ လုပ်ထားတယ်လို့ သူက ပြောပါတယ်။
ရုရှားအိုလံပစ်ကော်မတီကတော့ ဒီအစီရင်ခံစာဟာ အရင်စွပ်စွဲမှုအတိုင်း ထပ်ပြီး စွပ်စွဲတာသာ ဖြစ်တယ်လို့ ပြောပါတယ်။