ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ညှဉ်းပန်းနှိပ်စက်မှု အပေါ် လူတွေသဘောထား ကြက်ခြေနီ လေ့လာ
ICRC ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ကြီးရဲ့ လေ့လာချက် တစ်ခု အရ ညှဉ်းပန်း နှိပ်စက်မှုနဲ့ ပတ်သက်တဲ့ လူတွေရဲ့ သဘောထားတွေ သိသိသာသာ ပြောင်းလဲသွားတာ တွေ့ရပါတယ်။
ကမ္ဘာ တဝန်း ၁၆ နိုင်ငံကို လေ့လာခဲ့ရာမှာ ရန်သူ တိုက်ခိုက်ရေး သမားတွေ ဆီက သတင်းအချက်အလက်တွေ သိရစေဖို့ သူတို့ကို နှိပ်စက်တာကို လက်ခံနိုင်လောက်တယ်လို့ လူတွေက ပိုမို လက်ခံလာတာ တွေ့ရပါတယ်။
အခု မေးမြန်းခဲ့သူတွေ ထဲက ၄၈ ရာခိုင်နှုန်းကသာ ဒါကို မှားတယ်လို့ လက်ခံကြပါတယ်။
၁၉၉၉ ခုနှစ်က အလားတူ လေ့လာချက်မှာတော့ ၆၆ ရာခိုင်နှုန်းက မှားယွင်းကြောင်း ပြောကြပါတယ်။