ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှား စီးပွားရေး ဝန်ကြီးကို လာဘ်ယူမှုနဲ့ ဖမ်းဆီး
ရုရှား နိုင်ငံမှာ အစိုးရ အဖွဲ့ဝင် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ကြီး Alexei Ulyukayev ကို လာဘ်စားမှုနဲ့ စွဲချက်တင် ဖမ်းဆီးလိုက်ပါတယ်။
မစ္စတာ အလျူ ကာယက်ဗ် ဟာ ၁၉၉၁ ခုနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် ပထမဆုံး ဖမ်းဆီးခံရတဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဖြစ်လာပါတယ်။
သူဟာ အစိုးရပိုင် ရေနံကုမ္ပဏီ Bashneft ရဲ့ ရှယ်ယာ ၅၀ ရာနှုန်းကို နောက်ထပ် အစိုးရပိုင် ရေနံကုမ္ပဏီ Rosneft ကုမ္ပဏီက ဝယ်ယူတဲ့ လုပ်ငန်းစဉ်မှာ အမေရိကန် ဒေါ်လာ ၂ သန်း ငွေတောင်းခဲ့တယ် ဆိုပြီး စွပ်စွဲ ခံရတာ ဖြစ်ပါတယ်။
မစ္စတာ အလျူ ကာယက်ဗ်ကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။
သူ့ကို လအတော်ကြာ စောင့်ကြည့်ခဲ့ပြီးနောက်မှာ အခုလို ဖမ်းဆီးခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
သူ့ကို ဖမ်းဆီးတဲ့ သတင်းက ရုရှား မီဒီယာတွေမှာ အထူးသတင်း ဖြစ်နေပါတယ်။