ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လေထုတွင်း ကာဗွန်ဓာတ်ငွေ့ ပါဝင်မှု၊ ခေတ်သစ် စတင်
ကမ္ဘာ့လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ပါဝင်မှု စံအမှတ် မော်လီကျူး တစ်သန်းမှာ ၄၀၀ နှုန်း စံအမှတ်ကို မနှစ်တုန်းက ကျော်ဖြတ်ခဲ့ပြီးနောက် အခု ၂၀၁၆ ခုနှစ် တစ်နှစ်လုံးဟာ အဲဒီ စံအမှတ်ရဲ့ အထက်မှာ ရှိနေမယ့် ပထမဆုံးနှစ် ဖြစ်လာမယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။
အခု ကျော်ဖြတ်ခဲ့တဲ့ စံအမှတ်ရဲ့ အောက်ကို ပြန်ကျဖို့ နောင်မျိုးဆက် အတော်များများအထိ မဖြစ်နိုင်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။
လေထု မော်လီကျူး တစ်သန်းမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် မော်လီကျူး ၄၀၀ ပါဝင်တဲ့ စံအမှတ်ကို ၂၀၁၅ ခုနှစ် မေလမှာ ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အန္တရာယ်ကင်းတဲ့ ပမာဏက လေ မော်လီကျူး တစ်သန်းမှာ ၃၅၀ နှုန်းလို့ ပညာရှင်တွေက လက်ခံထားတာပါ။
အယ်လ်နီးညို ဖြစ်စဉ်လို ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုတွေဟာ လေထုထဲမှာ ဖန်လုံအိမ် ဓာတ်ငွေ့ လို့ ခေါ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ အများအပြား ပါဝင်မှုနဲ့လည်း တစိတ်တပိုင်း သက်ဆိုင်တယ်လို့ ဆိုပါတယ်။
ဖန်လုံအိမ် ဓာတ်ငွေ့ ထိန်းချုပ်ဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ သဘောတူညီချက် အသစ်က နောက်လထဲမှာ အသက်ဝင်လာဖို့ ရှိပေမယ့် အကျိုးရလဒ်ကတော့ ချက်ချင်း ရလာစရာ အကြောင်းမရှိသေးပါဘူး။