ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန်မှာ ဗုံးနှစ်လုံးပေါက်လို့ တဦးသေ
ဂျပန်နိုင်ငံ အူဆူနိုမီယာမြို့က ပေါက်ကွဲမှုနှစ်ခုမှာ လူတဦးသေဆုံးခဲ့တဲ့အပေါ် ရဲတွေက စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။
ပန်းခြံဝင်းတခုထဲမှာ တပြိုင်ထဲလို ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုမှာ တခြား လူသုံးဦးလည်း ဒဏ်ရာရသွားပါတယ်။
ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ပေါက်ကွဲတဲ့အချိန်မှာ အနီးနားမှာ ရောက်နေတဲ့ ဒေသခံတဦးက 'တကယ်ကို ပြင်းထန်တဲ့ ဗုံးပါ၊ ပထမတော့ ဂက်စ်အိုးပေါက်တာလို့ ထင်လိုက်ပါတယ်။ ဒါမျိုး တခါမှ မကြုံဖူးပါဘူး' လို့ ပြောဆိုခဲ့ပါတယ်။
ပေါက်ကွဲတဲ့အနီးနားက မီးလောင်နေတဲ့ ကားတွေထဲက တစီးထဲမှာ ကိုယ့်ကိုယ်သေ သတ်သေထားသူတဦးရဲ့ နောက်ဆုံးစာတစောင်ကို ရဲတွေက တွေ့ရှိထားတယ်လို့ ဂျပန် အန်အိတ်ချ်ကေ သတင်းဌာနက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ ဒီပန်းခြံထဲမှာ ပွဲတော်တခု ကျင်းပနေတာ ဖြစ်ပါတယ်။