ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပူတင် ကို ထရမ့် အားကျနေတယ် လို့ အိုဘားမားပြော
ရီပက်ဘလီကန် သမ္မတလောင်း ဒေါ်နယ် ထရမ့် ဟာ ရုရှ သမ္မတ ဗလာဒီမီယာ ပူတင် ရဲ့ မူဝါဒ တွေကို အတုယူစံထား နေတယ်လို့ သမ္မတ အိုဘားမား က စွပ်စွဲ ပြောကြား လိုက်ပါတယ်။
အမေရိကန် သမ္မတလောင်း တစ်ယောက်က ရုရှ နိုင်ငံရဲ့ မူဝါဒ တွေ ကို ချီးကျူး ပြောဆိုနေတာ ဟာ နိုင်ငံရေး လောကရဲ့ မကြုံစဖူး တဲ့ ဖြစ်စဉ် လို့လည်း အိုဘားမား က ပြောပါတယ်။
အကယ်၍ သူသာ အမေရိကန် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံရရင် ရုရှ နိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ထူထောင် သွားမယ်လို့ ဒေါ်နယ် ထရမ့်က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်နယ် ထရမ့် အနေနဲ့ အမေရိကန် သမ္မတလောင်း ရွေးပွဲမှာ မဲ မသမာ မှုတွေ ရှိနေတယ်လို့ ပြောကြား နေမယ့် အစား အမေရိကန် ပြည်သူတွေ အတွက် သူ ဘာတွေ လုပ်ဆောင်မယ် ဆိုတာကိုပဲ အဓိကထား ပြောသင့်တယ်လို့ သမ္မတ အိုဘားမား က ဝေဖန် ခဲ့ပါတယ်။